ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌနဲ့ ပါတီတာဝန်ရှိသူတွေ အချင်းချင်း ချကုန်ပြီးဆိုတဲ့ သတင်းတု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေးက ၂၀၂၀ မှာ အစိုးရမဖွဲ့နိုင်ရင် ပါတီကို လေလံ တင်မယ်လို့ ရေးသားထားပြီး ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တွေက ဒီလိုရေးသားချက်ကို တုန့်ပြန်ခဲ့ဟန် screenshot တစ်ခုကို “ကို ကြီး”အမည်နဲ့လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “ဟာ အချင်းချင်းတေဖဲ့ကုန်ကြပြီ ပွဲကတော့လှချက်”ဆိုပြီးတော့ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီဉက္ကဌ ဦးသန်းဌေးရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ “လာမယ့် ၂၀၂၀ ရွေးကော်ပွဲမှာ အစိုးရ မဖွဲ့နိုင်ရင် ပြည်ခိုင်ဖြိုးပါတီကို လေလံတင်တော့မယ်လို့ စိတ်မကောင်းစွာ အသိပေး လိုက်ပါသည်”ဆိုတဲ့ ရေးသားချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ Link ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ပါတီကို လေလံတင်ရ အောင် အမွေရထားတဲ့ […]
Continue Reading