Fact Check: အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအဖြစ် ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံ
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံမှုလို့ဆိုထားတဲ့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလာပြီးနောက် နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ တကယ်တော့ ပြုပြင်ထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပါတယ်။ “အခုဆို နီပိတ်တွေက သူတို့ရဲ့ ဝန်ကြီး အမေရိကန်သွားတယ် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ် ဘာညာဆိုပြီး ဖိုတိုရှော့တွေနဲ့ ဝါဒဖြန့်နေပါတယ်။ တကယ်တန်း အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးနဲ့ တွေ့ဆုံခဲ့သူက ဗိုလ်ချုပ်မှုးကြီး ဘဘမင်းအောင်လှိုင်ပါ။ အဲ့ဒီမှာတွေ့ရတာ အားမရလို့ အပြန်ကျ မြန်မာပြည်လိုက်လာခဲ့ပါသေးတယ်။ မသိတဲ့သူတွေကို မှိုင်းတိုက်နေကြလို့ အဖြစ်မှန်ကို တင်ပြလိုက်ရတာပါ။ ခရက်ဒစ်”လို့ရေးသားပြီး “အား သစ်” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]
Continue Reading