Fact Check: တရုတ်နိုင်ငံကို ရဂီ မုန်တိုင်း ဝင်ရောက်မှု ဗွီဒီယိုလား- မဟုတ်ပါ
တရုတ်နိုင်ငံကို တိုင်ဖွန်းမုန်းတိုင်း ရဂီ(Yagi)ဝင်ရောက်တိုက်ခိုက်မှုလို့ဆိုထားတဲ့ ၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတွေထဲမှာ အဆောက်အဦးတွေကို လေဆင်နှာမောင်းဝှေ့ရမ်းဖျက်ဆီးသွားပုံ၊ အဆောက်အဦးခေါင်မိုးလန်သွားပုံတွေနဲ့ လေပြင်းတိုက်ခိုက်မှု မြင်ကွင်းတွေပါဝင်ပါတယ်။ တကယ်တော့ မှားယွင်းပြောမှုတွေဖြစ်နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “6.9.2024 မနေ့က တရုတ်နိုင်ငံ ကို ဝင်ရောက်နေတဲ့ Yagi မုန်တိုင်း အခြေအနေ” https://www.awesomescreenshot.com/video/31573260?key=ee8e330a8375215d8f3d56eefafbfc4b မူရင်းလင်ခ့် – Fb link | Archive link တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအပါအဝင် အရှေ့တောင်အာရှက ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရဂီ(Yagi)ဟာ စက်တင်ဘာ ၂ ရက်မှာ […]
Continue Reading