Fact Check: ဂျပန်နိုဘယ်ဆုရဆေးပညာရှင်ဓာတ်ပုံကိုအသုံးပြုဖြန့်ဝေနေတဲ့ ဆေးဝါးကြော်ငြာအတု
ဂျပန်နိုဘယ်ဆုရဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံကို အသက် ၁၀၉နှစ်အရွယ် မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားပြီး အသက်ရှည်ဖို့အတွက် Cardiovax ဆေးဝါးကိုမှီဝဲဖို့ တိုက်တွန်းချက်ဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိ ခဲ့ပါတယ်။ အောက်ပါ screenshot ကတော့ အသက် ၁၀၉ နှစ်အရွယ်ရှိ မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်နဲ့ အင်တာဗျူးဆိုပြီးရေးသားဖော်ပြချက်ဖြစ်ပါတယ်။ သွေးတိုးမဖြစ်ဖို့ နှလုံးသွေးကြော တွေကောင်းဖို့လိုပြီး Cardiovax ဆိုတဲ့ဆေးသာသောက်မယ်ဆိုရင် အသက် ၁၂၀ အထိ ရှည်နိုင်ကြောင်း ရေးသားထားဖြန့်ဝေထားတာဖြစ်ပါတယ်။ ရှည်လျားစွာရေးသားထားတဲ့ ဒီဘလော့ရဲ့အောက်ခြေမှာတော့ ဒီဘလော့ဂ်စာမျက်နှာ ကတစ်ဆင့် ဆေးမှာယူရန်ဆိုပြီးတော့လည်းပါဝင်ပြီး ဆေးတစ်ဗူးကို လျော့ဈေး ပေးတဲ့အနေနဲ့ မြန်မာငွေ ကျပ် ၅၀၀၀၀ နဲ့မှာယူနိုင်ကြောင်းလည်းဖော်ပြပါတယ်။ မူရင်းလင်ခ့် – […]
Continue Reading