Fact Check: ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကင်းမရွာမှာ လူငယ်တွေက မီးရှို့ခဲ့တဲ့ ဗွီဒီယိုဖိုင်ဆိုပြီးတော့ လူမှုကွန်ယက် မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဝါးထရံနဲ့ သစ်သားပုံတစ်ခုအပေါ်မှာ မိုလိုတော့ဗ်ကို လှမ်းပစ်လိုက်ပြီး မီးရှို့တဲ့ဖြစ်စဉ်နဲ့ အဝေးတစ်နေရာကနေ သေနတ်ပစ်သံအချို့ကြားရပြီးနောက် ထွက်ပြေးကြတဲ့ ပုံတွေ ပါဝင် ပါတယ်။ မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှာ ဇွန် ၁၅ ရက်ကစစ်တပ်ရောက်လာပြီးနောက် မီးရှို့ခံရတဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေရပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ပေါက်မြို့နယ်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မုဒုံမြို့နယ်က ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ “ကင်းမရွာကို ဘယ်သူရှို့လည်း ထမိန်ခြုံထဲက ခေါင်းထွက်ကြည့်ကြ”စသည်ဖြင့် ရေးသားပြီး“Htet Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပို့စ်ကိုပြန်လည်မျှဝေမှု ၁ ထောင်ရှိပါတယ်။ ကင်းမရွာဖြစ်စဉ်အဖြစ် မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]
Continue Reading