Fact Check: အရာတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ ကဲဘားရွာ စစ်တပ်ကမီးရှို့မှု ဗွီဒီယိုကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ
အရာတော်မြို့နယ် ကဲဘားကျေးရွာကို PDF တွေ မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုဟာဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီယိုဟာ မူလက စစ်တပ်က ကဲဘားရွာကို မီးရှို့မှုအကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ် စာမျက်နှာမှာဖော်ပြထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “မနေ့က အရာတော်မြို့နယ် ကဲဘာရွာ မီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် PDFအကြမ်းဖက်တွေ တော်တော်လူစိတ်မရှိ အောက်တန်းကျတယ်လို့ပဲပြောရမယ် တပ်က အကြမ်းဖက်PDFတွေ ကဲဘာရွာထဲခိုအောင်းနေတဲ့သတင်းရလို့ ဝင်ရောက်စစ်ဆေးချိန် ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းကနေ လက်လုပ်သေနက်တွေ ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းမိလိုက်တယ် အကြမ်းဖက်PDFတွေကတော့ တပ်၀င်လာပြီဆိုတာနဲ့ ထွက်ပြေးသွားကြတယ် တပ်ကလဲ သူစစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီး ပြန်ထွက်သွားတယ် ဇာတ်လမ်းက ဒီအချိန်မှစတာ တပ်ကထွက်သွားချိန် ရွာထဲကို PDFအကြမ်းဖက်တွေ ပြန်၀င်လာပြီး ရွာခံတွေက သူတို့သတင်းကိုပေးလို့ တပ်ကလာတာဆိုပြီး တစ်ရွာလုံးကို မီးလောင်တိုက်သွင်းလိုက်တော့တာပဲ”စသည်ဖြင့်ရေးသားပြီး “ကော်ဖီတစ်ခွက်ရဲ့ ဒိုင်ယာရီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ […]
Continue Reading