Fact Check: ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေသလား-မဟုတ်ပါ
ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ်တခု ကြော်ငြာထားတာ တွေ့ရပါတယ်။ ဇွန် ၃ ရက်နေ့က စပြီး အသက် ၃၅ နှစ်အထက်ရှိသူတွေကို အတိုးမဲ့ ချေးငွေထုတ်ချေးမှာဖြစ် တယ်လို့လည်း ရေးသားထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မြန်မာနိုင်ငံတွင် အသက် ၃၅န နှစ်အထက် ချေး ငွေများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ အခမဲ့ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဏာရေးဝန်ကြီးဌာန” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဖေ့စ်ဘွတ်ပို့စ်မှာ ကြော်ငြားထားသလို စစ်ကောင်စီဘဏ္ဏာရေးဝန်ကြီးဌာန အပါအဝင် အမျိုးသားညီညွှတ်ရေး အစိုးရ ဘဏ္ဏာရေးဌာနတွေကလည်း […]
Continue Reading