Fact Check: မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာဆိုတဲ့ သတင်းတု

မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ  ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “အမေရိကန် စစ်ကြေညာ စစ်အုပ်စုကို တရားဝက် ကြေညာလိုက်ပြီ ဒုချုပ်စိုးဝင်းက မင်းအောင်လှိုင် အမြန်ဆုံးပြန်လာဖို့ ပြန်ခေါ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: အာဏာသိမ်းစစ်တပ်ကို အမေရိကန် စစ်ကြေညာမှု သတင်းတု

မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန်က စစ်ကြေညာမှု သတင်းတုဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။ အလားတူတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။  “အမေရိကန် က စစ်ရေးနဲ့စကားပြောပြီ ဒေါ်စု ချက်ချင်းလွှတ်ရမည် နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံ မလွှတ်ရင် ယူကရိန်းလိုမျိုး NUG ကို တရားဝင်လက်နက် တပ်ဆင်‌ပေးမည်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်မှာလည်း ဒီလိုပါပဲ။ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေမှုမှာတော့ မြန်မာစစ်တပ်ကို အမြစ်ဖြတ်ဖို့ လက်နက်နဲ့တိုက်ခိုက်မှရမယ်လို့ အမေရိကန်က တရားဝင်စစ်ကြေညာလိုက်ပြီလို့ ရေးသားထားရာ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရရှိထားပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ “စစ်တပ်ကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ပြီ […]

Continue Reading

Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

ကုလသမဂ္ဂက စစ်ကြေညာလိုက်ပြီး ပြည်သူတွေ ရိက္ခာစုဆောင်းထားဖို့ဆိုပြီး သတင်းမှား ပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့အစမှာရေးသားပြီး “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၅၀၀၀ ကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒီလိုကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် […]

Continue Reading