Fact Check: ကော်သူးလေနိုင်ငံရဲ့ ငွေစက္ကူလား- မဟုတ်ပါ 

ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei) ကို တည်ထောင်လိုက်ကြောင်း KTLA ခေါင်းဆောင် စောနယ်ဒါးမြက ဇန်နဝါရီ ၅ ရက်နေ့မှာ အငြင်းပွားဖွယ် ထုတ်ပြန်ကြေညာချက်အပြီးမှာ ဒီနိုင်ငံရဲ့ ငွေကြေးဆိုပြီးတော့ စောနယ်ဒါးမြရဲ့ ပုံနဲ့ ငွေစက္ကူပုံစံတချို့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလာပြီး ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ကောသူးလေပိုက်ဆံထွက်ပါပြီ တန်‌ဖိုးကတော့ ကောသူးလေပိုက်ဆံ 5000ကို အမေရိကန်ဒေါ်လာ 100နဲ့ ညီမျှသည်ဟုဆို” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ကော်သူးလေသမ္မတနိုင်ငံတော်တည်ထောင်လိုက်ကြောင်းကြေညာချက်အပါအဝင် KTLA ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ Kaw Thoo Lei […]

Continue Reading