Fact Check: သောကြာဂြိုဟ်ပေါ်က ဓာတ်ပုံတပုံအတွက် ဒေါ်လာ သန်း ၃၀၀ အသုံးပြုခဲ့သလား
ဆိုဗီယက်ယူနီယံရဲ့ သောကြာဂြိုဟ်လေ့လာရေးစီမံကိန်းကနေ ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်တွေထဲက ဂြိုဟ်ပေါ်ဆင်းသက်နိုင်ကာ ဓာတ်ပုံတွေရိုက်ကူးပြီး ပြန်လည်ပေးပို့နိုင်ခဲ့တာတွေကို ပေါင်းစည်းထားပြီး မြင်ရတဲ့ မြင်ကွင်းဖြစ်တဲ့ ဓာတ်ပုံတပုံအတွက် အမေရိကန် ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျခဲ့တယ်လို့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းနေတယ်။ အချက်အလက်တချို့ဟာ မှန်ကန်ပေမဲ့ ဓာတ်ပုံဟာ အကြိမ်ကြိမ် ပြင်ဆင် တည်းဖြတ်ထားတဲ့ သရုပ်ဖော် ဓာတ်ပုံတပုံဖြစ်တယ်။ ဓာတ်ပုံအတွက် သန်း ၃၀၀ ကုန်ကျခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဒီပုံတစ်ပုံရဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျတယ်တဲ့။ ဒီပုံက ကမ္ဘာမြေပေါ်ကပုံ မဟုတ်ဘူး။ သောကြာဂြိုဟ်လို့ ခေါ်ကြတဲ့ Venus ဂြိုလ်ပေါ်ကပုံ” Original link […]
Continue Reading