Fact Check: ဆော်ဒီခရီးစဉ်မှာ ဇန်လန်းစကီး ဒူးထောက်ခဲ့တဲ့ ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်

ဆော်ဒီအာရေးဗီးယားနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး ဗွီဒီယိုဟာ AI ဆော့ဖ်ဝဲတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေရရင် ငတ်ပြီးသေရင်တောင် ကျေနပ်နေမှာ🥰 မိမိနိုင်ငံကိုရောင်းမစားဘူး” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် အဓိက ကျတဲ့ စကားလုံး တချို့ အသုံးပြုပြီး ရှာဖွေရာမှာ အခုပြောဆိုချက်တွေမှာ ပျံ့နှံ့နေသလို ယူကရိန်း သမ္မတရဲ့ […]

Continue Reading

Fact Check: အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

ဆော်ဒီအာရေးဗီးယားမှာ သံဃာတွေကို အရိုအသေပေးပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတွေ့ရပါတယ်။ မြန်မာနိုင်ငံက ဘာသာကို မစောင့်ရှောက်ပေမဲ့ အစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဘုန်းတော်ကြီးတွေကို အရိုအသေပေးနေတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ဆော်ဒီအာရေးဗီးယားကမဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု က ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Satsang Tour of UAE, Oman and Bahrain”လို့ရေးသားထားတဲ့ baps.org က မျှဝေထားတာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် ဟိန္ဒူသာသနာပြုအဖွဲ့က အာရပ်စော်ဘွားများပြည်ထောင်စုမှ သာသနာပြုခရီးသွားစဉ်က ပုံဖြစ်တယ်လို့ရေးသားပြီး မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Baps.org […]

Continue Reading