Fact Check: ရန်ကုန်တိုင်းစစ်ဌာနချုပ်ဖောက်ခွဲမှု ဗိုလ်ချုပ် ၃၀ ဦးသေဆုံးတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ် ၃၀ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “ရန်ကုန်တိုင်းစစ်ဌာနချုပ်ဆဖါက်ခွဲမှုဗိုလ်ချုပ်(၃၀)သေ  မအလနဲ့စိုးဝင်း ထိပ်တိုက်တွေ့ပြီးချကုန်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့တာရှိပါတယ်။ […]

Continue Reading

Fact Check: နေပြည်တော်က ဗိုလ်ချုပ်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှု သတင်းတု

နေပြည်တော်က ဗိုလ်ချုပ်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှုဆိုပြီး ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေလျက်ရှိတာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့  ယူကျူ့ဗွီဒီယိုကရယူထားခြင်းဖြစ် ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာ စတင်ဖော်ပြခဲ့တဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း အနည်းဆုံး ကြည့်ရှုမှုပေါင်း ၅၀၀၀၀ ဝန်းကျင်ရှိပါတယ်။ “Khit Thit အတည်ပြုကြေညာလိုက်ပြီဗျို့ နေပြည်တော်က ဗိုလ်ချုပ်(၁၉)ဦး ညက မိသားစုလိုက် တပြိုင်နက်ထွက်ပြေးကုန်ပြီ” အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းအချို့ကို မသက်ဆိုင်တဲ့ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတပ်ပြီး […]

Continue Reading