Fact Check: စစ်တပ်တင့်ကားကို အသေခံဗုံးခွဲခဲ့တဲ့ ဗိုလ်ဂဠုန်ဓာတ်ပုံလား-မှားနေပါတယ်

​စစ်တပ်က တင့်ကားတွေကို အသေခံဗုံးခွဲခဲ့တဲ့ PDF ကဗိုလ်ဂဠုန်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံကို ပြန်လည်မျှဝေလျှက်ရှိတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံနှင့် အတူ ကျေးလက်ဒေသကွင်းပြင်တစ်ခုမှာ မီးလောင်နေတဲ့ တင့်ကားတစ်စီး အပါအဝင် တင့်ကားသုံးစီးရဲ့ဓာတ်ပုံပါဝင်ပြီး အသေခံဗုံးခွဲခဲ့တဲ့ ဗိုလ်ဂဠုန်ကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ဗီယက်နမ်က မတူညီတဲ့ ဖြစ်ရပ်နှစ်ခုက ဓာတ်ပုံကို ပေါင်းစပ်ဖော်ပြထားခြင်းဖြစ်တာတွေ့ရပါတယ်။ ” ပြည်သူတွေ အကြမ်းဖက်သောင်းကျန်းသူ သူပုန်မအလကို ဘယ်လောက်ရွံ့မုန်းနေပြီလဲ။ အသေခံဗုံးခွဲတာတွေ စပြီ။ ဒီပဲယင်းနဲ့ ဘုတလင်ကြားက မောင်းထောင် ဘက်မှာ PDF တွေကို လာတိုက်တဲ့ အကြမ်းဖက်သောင်းကျန်းသူ သူပုန် မအလ တင့်ကားတွေဆီ မကြောက်မရွံ့နဲ့ အသေခံဗုံးခွဲပေးခဲ့တဲ့ မောင်းထောင်သား ဗိုလ်ဂဠုန်ပါ။ […]

Continue Reading