Fact Check: ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ချိန် ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံးတဲ့ သတင်းတု

ဇွန်လ (၁) ရက်နေ့ ကျောင်းဖွင်းချိန် ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးပေါက်ကွဲလို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံး တယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီ လက်အောက်ကကျောင်းဖွင့်ချိန်ကို အကြောင်းပြုပြီး လူစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်လွဲတပ်ပြီး မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို မျှဝေနေခြင်းဖြစ်တယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ အခုလို ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမ ၃၀ ဦးသေဆုံးတဲ့ သတင်းမပါဝင်ပါဘူး။ သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဇွန် […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားဗုံးပေါက်၊ပြည်သူ ၆၈ ဦးသေဆုံးမှုဆိုတဲ့ သတင်းတု သတင်းမှား

ဒီကနေ့ ဇူလိုင် ၁၂ နေ့ဟာ ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ဗုံးပေါက်လို့  ပြည်သူ ၆၈ ဦးသေဆုံးခဲ့ပြီး ကား ၈ စီးပြာကျသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား တစ်ခု ဖြစ်ပါတယ်။ “လပြည့်နေ့ရွှေတိဂုံဘုရားဗုံးပေါက်လို့ အကုန်မသာပေါ်”လို့ ရေးသားပြီး “A161” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဘုးရားဖူးတွေ၊ဗုံးပေါက်ကွဲမှု၊လူနာတင်ယာဉ်တွေနဲ့ စစ်ကားတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကိုပေါင်းစပ်ထားတဲ့ မြင်ကွင်းဓာတ်ပုံပေါ်မှာ“လပြည့်နေ့သေကုန်ပြီ ရွှေတိဂုံ ဘုရားဗုံးပေါက် ပြည်သူ ၆၈ ဦးနဲ့ ကား ၈ စီးပြာကျ”လို့ရေးသားထားပြီး ဝင်ကြည့်ရမယ့်လင်ခ့်လည်းပါ ဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အွန်လိုင်းအသုံးများပြီး […]

Continue Reading