Fact Check : စစ်ခေါင်းဆောင် မန္တလေးနန်းတွင်းမှာ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိတဲ့ ဓာတ်ပုံလား- မဟုတ်ပါ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးနန်းတွင်းမှာရှိစဉ် ရှော့တိုက်ဒရုန်းနဲ့ တိုက်ခိုက်ခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာပဲ စစ်ခေါင်းဆောင်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကုသနေရတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံသာဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အရမ်းကိုဝမ်းန.ည်းရပါတယ်.ဘဘကြီးရယ်.😥😥😭😭ဘာလို့လဲဆိုတော့ဗျာ..ပို့စ်တင်ရင်းနဲ့ကိုမျက်ရ.ည်ကအလိုလိုကျလာပါတယ်ဗျာ.😥😥😭😭😭😭အရမ်းကိုမှယူကြုံ.းမရဖြစ်ရပါတယ်ညီအကိုတို့ရေ.ဘာလို့များအဲလိုလုပ်ရ.က်ကြတာလဲဟင်.😏…တခါတည်းတစစ.ီဖြစ်အောင်လု.ပ်ရမှာကိုအခုတော့ကြည့်ကြပါဦး..တခါတ.ည်းေ..သမသ.ွားတာအရမ်းကိုစိတ်ထဲမှာယူကြုံ.းမရဝ.မ.့်းန.ည်းရတယ်” Original link | Archive link နောက်ထပ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတပုံမှာတော့ စစ်ခေါင်းဆောင်က ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေစဉ် နောက်ထပ် စစ်တပ်အရာရှိကြီး ၂ ဦးက ကုတင်နံဘေးမှာ ရပ်နေတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် စစ်ခေါင်းဆောင်ရဲ့ ဒဏ်ရာရထားတယ်ဆိုတဲ့ ဓာတ်ပုံကို Fact Crescendo […]
Continue Reading
