Fact Check: မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရတဲ့ သတင်းတု
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးနဲ့ ဇနီး ပစ်သတ်ခံရတယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေကြား ဖြန့်ဝေလျက်ရှိတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မပခ တိုင်းမှူးနဲ့ဇနီး ဗျင်းခံရ / အရေးပေါ်သတင်း” ဇူလိုင် ၂၁ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီယူကျူ့ ဗွီဒီယိုကို လက်ရှိအချိန်အထိ ၂၁၀၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ မပခလို့ အတိုခေါက်အားဖြင့် ခေါ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ကို နေပြည်တော်က လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဖော်ပြချက်ရှိပေမဲ့ ဒီလိုမျိုး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမရှိပါဘူး။ […]
Continue Reading