Fact Check: မယ်ဆိုင်မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိဆိုတဲ့ သတင်းမှား

၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိတယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေချိန်အတွင်းမှာ ဖမ်းမိတာလို့လည်း ရေးသားထားပါတယ်။  တကယ်တော့ လက်နက်ဖမ်းဆီးမှုဖြစ်စဉ် ၂၀၁၅ ခုနှစ်က သတင်းဟောင်းတစ်ခုဖြစ်ပါတယ်။ “မယ်ဆိုင်မှာ မြန်မာပို့မည့် လက်နက်များ ဖမ်းမိ ဇူလိုင်၊ ၂၁ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာဘက်သို့ ပို့ဆောင်မည့် လက်နက်များသယ်ဆောင်လာသည့် မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း မြန်မာ+ရုရှား နိုင်ငံတို့ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးများပါဝင်သည့် (၁၃) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အစည်းအဝေး ကျင်းပနေချိန် ဖြစ်သည်။”လို့ ရေးသားပြီး “Verity News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံတစ်ပုံနှင့်အတူ အောက်ပါအတိုင်း မျှဝေ ထားပါတယ်။ မူရင်းလင်ခ့် […]

Continue Reading