Fact Check: မြောက်ဉက္ကလာပမှာ ထည့်မရေတွက်ရသေးတဲ့ မဲ ၄၀၀၀၀ ကျော်ဖမ်းမိတယ်လို့ သတင်းမှားဖြန့်

မြောက်ဉက္ကလာပမြို့နယ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ဖမ်းမိတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုပို့စ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေသတင်းရပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင် ရုံးခန်းထဲမှာ ဖမ်းမိခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဗွီဒီယိုထဲမှာ ရဲတွေက မဲစာအိတ်လို့ထင်ရတဲ့ စာအိတ်တွေကို တစ်ခုချင်းဖွင့်နေတာတွေ့ရပြီး နံဘေးမှာ အမျိုးသမီးတစ်ဦးက မဲစာရွက် အိတ်ထဲက ထွက်လာတိုင်း ကန့်ကွက်တယ်ဆိုပြီးတော့ ပြောဆိုသံလည်းကြားရပါတယ်။ ဒီဖြစ်စဉ်ဟာ ဖြစ်ပျက်ခဲ့တာမှန်ပေမဲ့ မဲပေါင်း ၄၀၀၀၀ ကျော်တွေ့ရှိသည်မှာ မဟုတ်ဘဲ ဆန္ဒပြုထားတယ်လို့ မဲစာအိတ်နဲ့ ယူဆရတဲ့ စာရွက် ၁၀ ရွက်တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတည်ပြုထားတာကို Fact Crescendo Myanmar ကတွေ့ […]

Continue Reading