Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု
မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ KNU နဲ့ ထိုင်းက ပစ်ချလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ မျှဝေထားပြီး ပျံ့နှံ့မှုလည်း အားကောင်းလျက်ရှိတယ်။ တချို့သော ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာ ထိုင်းလေတပ်က မြန်မာစစ်တပ် တိုက်လေယာဉ်တွေကို ပစ်ချလိုက်တယ်၊ ထိုင်းက KNU ဘက်က ဝင်တိုက်နေပြီစသည့် လည်းဖော်ပြထားတယ်။ သတင်းတုသတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၉ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ထိုင်းဝင်ကူနေပြီဟေ့ ရုရှားထုတ်ရဟတ်ယာဉ်ပစ်ချ တိုသ်းမှူးအဆင့်လိုက်ပါပြီးမြဝတီကိုလာတာ ထိုင်းလေကြောင်းအဖွဲ့ကပစ်ချလိုက်တာ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link […]
Continue Reading