Fact Check: မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့ အမေရိကန်အကြောင်းကြားတဲ့ သတင်းတု

KIA ထိန်းချုပ်ထားတဲ့ ဒေသမှာ မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့  အမေရိကန်က အကြောင်းကြားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။  “မြန်မာ့အရေး အမေရိကန်မီးစိမ်းပြပြီ မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးကူညီပေးဖို့  အိမ်ဖြူတော် အကြောင်းကြားပြီ၊ တရုတ်ကြီးအငိုက်မိ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  တကယ်တော့ […]

Continue Reading