Fact Check: ဒီပုံက ရဲတပ်ဖွဲ့ဝင် ၂ ဦး ၂၀၂၀ ခုနှစ်အတွင်း TNLA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံဖြစ်တယ်

အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဓာတ်ပုံနဲ့အတူ ပိုက်ဆံယူ၊သတင်းပေးလုပ်လို့ ယင်းမာပင်မြို့နယ် မြိုင်ဂဲ ရဲစခန်းက စစ်ခုံရုံးအတင်ခံတဲ့ရဲတပ်ဖွဲ့ဝင်တွေအဖြစ်ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းကပျံ့နှံ့လျက်ရှိတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရ ပါတယ်။ “23-6-22 ယင်းမာပင်..မြိုင်.ဂဲစခမ်း.. သတင်းပေး..ပိုက်ဆံယူ…အကျင့်ပျက်..ဖရဲသီးတွေ.. စစ်ခုံရုံးတင်…. Sittway Thitsar .@.ကရင်ပြည်နယ်”စသည်ဖြင့် ရေးသားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဒီရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ၂၀၂၀ ခုနှစ်အတွင်းက တအာင်းလွှတ်မြောက်ရေးတပ်ဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးဖြစ်တာတွေ့ရပါတယ်။  ပြီးခဲ့တဲ့နှစ်မှာ […]

Continue Reading