Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ ခုနှစ်အတွင်းက ကျွန်ပညာရေးကို သရုပ်ဖော် ဆန္ဒပြဓာတ်ပုံတွေသာဖြစ်ပါတယ်
စာသင်ကျောင်းမှာ အရက်ပုလင်းထောင်ကာဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို သေနတ်ထောက်ပြီး PDF တွေက အတင်းအဓမ္မ ဆန္ဒပြခိုင်းနေတယ်ဆိုပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်က ရေဦးမြို့နယ်မှာ ကျွန်ပညာရေး သရုပ်ဖော်ဆန္ဒပြစဉ်က ဓာတ်ပုံတွေဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။ “Breaking News PDF အကြမ်းဖက်များမှ စာသင်ကျောင်းမှာ မိုက်ကြေးခွဲ အရက်ပုလင်းထောင်ကာ ဆရာ ဆရာမများနဲ့ ကျောင်းသူ ကျောင်းသားလေးများကို သေနတ်ထောက်ကာ အတင်းအဓမ္မ ဆန္ဒပြခိုင်”လို့ ရေးသားပြီး “Angelina Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive […]
Continue Reading