Fact Check: ပြင်ဦးလွင်မှာ စစ်အင်အားတသိန်းကျော်စုပြီး ရှမ်းမြောက်ကို ၄၈ နာရီ အတွင်း စစ်တပ်က ပြန်သိမ်းမယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ရဲ့ကြားဝင်မှုနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ၄၈ နာရီအတွင်းပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဦးလွင်မှာ စစ်သည်အင်အားတသိန်းကျော်စုထားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းသုံးသောင်းကျော်ရရှိထားပါတယ်။ “ရှမ်းမြောက်အထူးသတိဟေ့ ပြင်ဦးလွင်မှာ စစ်တပ်(၁)သိန်းကျော်လူစုကုန်ပြီဗျို့ ရှမ်းမြောက်ကို ၄၈ နာရီအတွင်းပြန်သိမ်းပိုက်မည်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ Khit Thit Television အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း လုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပါ တယ်။ ဒီယူကျူ့ချန်နယ်ဟာ […]

Continue Reading