Fact Check: ၂၀၁၇ ခုနှစ်ကအာဖဂန်နစ္စတန်ကဘူးမြို့က ရှော့တိုက်ဒုံးကို မြန်မာနိုင်ငံကအဖြစ်အပျက်သဖွယ်ဖော်ပြ
သထုံမှာ တပ်မတော်စစ်စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအဖြစ် People Media အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံ ၃ ပုံနှင့်တကွရေးသားဖော်ပြထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ သို့သော်လည်း ရှော့တိုက်ဒုံးဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ “မွန်ပြည်နယ်၊သထုံမြို့နယ်ရှိ တပ်မတော် အခြေစိုက် စခန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက ယနေ့ နံနက် ၆ နာရီခန့်မှာ ရှော့ဒုံးဖြင့် ပစ်ခတ်လိုက်ပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးသွားတယ်လို့ တပ်မတော် တာဝန်ရှိသူတစ်ဦးက PeopleMedia ကို ပြောသည်။ လက်ရှိအချိန်၌ တပ်မတော်က မပေါက်ကွဲသေးသည့် ရှော့ဒုံး တစ်လုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။”လို့လည်း “People Media”ဖေ့စ်ဘွတ်စာမျက်နှာကရေးသားထားပါတယ်။ ဒီနေရာမှာလည်း အလားတူရေးသားမျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | […]
Continue Reading