Fact Check: စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးမှု သတင်းတု

စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးပြီလို့ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်ကောင်စီ သမ္မတ ဦးမြင့်ဆွေ နာရေးသတင်း သေဆုံး MRTV အတည်ပြုလိုက်ပြီ (ရုပ်/သံ) ပြည်သူ့ကြိမ်စာဆူးပြီး ဝ၌လည် သေဆုံးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူထုအကြား ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုပ်ကြံရေးသားချက်တွေချည်းလည်း […]

Continue Reading