Fact Check: ရန်ကုန် ကျောက်တန်းက အပန်းဖြေစခန်းကို မုံရွာနဲ့ ရွှေဘိုမှာရှိတဲ့ အပန်းဖြေစခန်းအဖြစ် မျှဝေနေ

“သူကြီးအိမ်”လို့ရေးသားထားတဲ့ ဆိုင်ဘုတ်တစ်ခုနှင့်အတူ ကျေးလက်ဒေသအလှဖော်မြင်ကွင်းဘန်ဂလိုများနဲ့ ဓာတ်ပုံတစ်ချို့ကို  မုံရွာမှာ မကြာခင်ဖွင့်လှစ်တော့မယ် သွားရောက်လည်ပတ်သင့်တဲ့ နေရာသစ် တစ်ခုဖြစ် ရေးသား မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထား တာတွေ့ရပါတယ်။ နေရာလေးကတော့ မုံရွာမြို့ကနေ မြစ်နောက်ဘက် ကနီ မြို့နယ် တွင်းမရွာနားမှာရှိပြီး မုံရွာကနေ တစ်နာရီခွဲ လောက်ပဲမောင်းရတယ်လို့လည်း ရေးသားထားပါတယ်။  သို့သော်လည်း ဒီပုံတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်မကောရွာမှာ တည်ဆောက်ထားတဲ့ သူကြီးအိမ် အပန်းဖြေစခန်းက ပုံတွေဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မျှဝေထား တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာလည်း အများစုက ဒီဓာတ်ပုံတွေဟာ အမှန်တကယ် မုံရွာနားက နေရာတစ်ခုအဖြစ် ယုံကြည်နေကြတာတွေ့ရပါတယ်။   ဒီဓာတ်ပုံတွေကိုပဲ ဒီဇင်ဘာ […]

Continue Reading