Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု
အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “အကျဉ်းသား ၂ သိန်းလွတ်ပြီ အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ ရန်ကုန်မြို့တစ်ဝက်နီးပါး သိမ်းခံလိုက်ရပြီ” မူရင်းလင်ခ့် – Yotube link | Archive link အလားတူစွာပဲ ဒီချန်နယ်က အင်းစိန်မြို့ကို PDF ဝင်စီးပြီး ရန်ကုန်တမြို့လုံးတိုက်ပွဲပြင်ထန်းနေတယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ထိုင်းဘာသာစကားနဲ့“สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ စလော့ဂိမ်းကြော်ငြာတွေနဲ့ သတင်း ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ […]
Continue Reading