Fact Check: ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် အပြီးသတ်အမိန့်ချ နစက ဉက္ကဌကိုဖမ်းဆီးဆိုတဲ့ သတင်းတု
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချလိုက်ပြီလို့ဆိုထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ “TepPon News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၃ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ “ICJ အပြီးသတ် အမိန့်ချလိုက်ပြီ”လို့ရေးသားထားသလို ဖြန့်ဝေနေတဲ့ ဗွီဒီယိုမှာလည်း “ (၁၃) ရက်နေ့ ICJ အပြီးသတ် အမိန့်ချပြီ နစက ဉက္ကဌပါသွားပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့မှုတွေအတွက် အာဂျင်တီးနားမှာ တရားစွဲဆိုမှုကို အာဂျင်တီးနားတရားရုံး က ၂၀၂၁ […]
Continue Reading