Fact Check: နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်တဲ့ သတင်းတု 

နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်နေတယ် ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ စက်တင်ဘာ ၂၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၅ သိန်းဝန်းကျင်ရရှိထားတယ်။ “နေပြည်တော် ကိုအမေရိကန် ကင်းလှည့်နေ အကုန်ပြေးခိုင်းနေပြီ အဆင့်မြင့် အမေရိကန်လေယာဉ်တွေ နေပြည်တော်ကို ကင်း‌ထောက် အကြမ်းဖက်မှုနဲ့ ကြေညာအပြီး  ဆက်တိုက် ကင်းထောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး […]

Continue Reading

Fact Check: ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခံ တဲ့  သတင်းတု 

ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ် ကြားဖြတ်တိုက်ခိုက်ခံရတယ်ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ အမေရိကန်က စစ်ခေါင်းဆောင်လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် အရေးပေါ် အမေရိကန် ကြားဖြတ်တိုက်ခိုက်လို့ လေယာဉ်ကျည်ထိမှန် မင်းအောင်လှိုင် သေမသေ မသိရသေး” Original link | Archive link နောက်ထပ် ဗွီဒီယိုတခုမှာတော့ စစ်ခေါင်း‌ဆောင် စီးလာတဲ့ လေယာဉ်ကို ကုလသမဂ္ဂက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆိုထားတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကို […]

Continue Reading

Fact Check: KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်အတည်ပြု တဲ့ သတင်းတု 

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုတွေ ပေးအပ်နေတာကို ဗိုလ်ချုပ်ဂွမ်မော်ကအတည်ပြုလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ပြီ အမေရိကန်လေယာဉ်တွေ ရောက်ရှိလာမှု ဗိုလ်ချုပ် ဂွမ်မော် အတည်ပြု ၊ နေပြည်တော်လှုပ်ခတ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကိုလည်း ဆင်တုယိုးမှား တုပထားပြီး မကြာခဏဆိုသလို  Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။  တကယ်တမ်း ဗွီဒီယိုအစမှာ ပါဝင်တဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: အမေရိကန်လေယာဉ် တော်လှန်ရေးအဖွဲ့တွေဆီ‌ရောက်လာလို့  စစ်ခေါင်းဆောင် လေတပ်ချုပ်ကို ဖြုတ်ချဆိုတဲ့ သတင်းတု

တော်လှန်ရေးအဖွဲ့တွေဆီကို အမေရိကန် လေယာဉ်တွေ ဝင်ရောက်လာလို့  မြန်မာ စစ်ခေါင်းဆောင်က လေတပ်ချုပ်ကို ဖြုတ်ချခံတယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “တပ်ချုပ်က လေတပ်ချုပ်ကို ဖြုတ်ချ နေပြည်တော်မှာ အမေရိကန်လေယာဉ်တွေ ဝင်ရောက် အမေရိကန် လေယာဉ်တွေ ဝင်လာလို့ ပြေးနေရပြီ တော်လှန်ရေးတပ်တွေဆီ အမေရိကန် လေယာဉ်တွေ ရောက်နေပြီ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့ အမေရိကန်အကြောင်းကြားတဲ့ သတင်းတု

KIA ထိန်းချုပ်ထားတဲ့ ဒေသမှာ မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့  အမေရိကန်က အကြောင်းကြားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။  “မြန်မာ့အရေး အမေရိကန်မီးစိမ်းပြပြီ မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးကူညီပေးဖို့  အိမ်ဖြူတော် အကြောင်းကြားပြီ၊ တရုတ်ကြီးအငိုက်မိ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  တကယ်တော့ […]

Continue Reading

Fact Check: မလေးရှား‌ MH370 လေယာဉ်ပျောက်ဆုံးသွားပုံဗွီဒီယိုလား-မဟုတ်ပါ

လွန်ခဲ့တဲ့ ၁၁ နှစ်ဝန်းကျင်က မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ် ပျောက်ဆုံးခဲ့ပုံကို အမေရိကန် ထုတ်ပြန်လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား သာဖြစ်တယ်။  မေ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ စက္ကန့် ၄၀ ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လေယာဉ်တစီး တိမ်တိုက်တွေကြား ပျံသန်းရင်း ပေါက်ကွဲသွားတာကို မြင်တွေ့ရပါတယ်။ “မလေးရှားလေကြောင်းလိုင်း Flight 370ပျောက်သွားပုံကိုအမေရိကန်ကထုတ်ပြ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဟာ အစစ်အမှန်မဟုတ်ဘဲ နောက်ခံ ဓာတ်ပုံတချို့ကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရကြောင်း အချက်အလက်စိစစ်မှုတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ) […]

Continue Reading

Fact Check: မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာဆိုတဲ့ သတင်းတု

မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ  ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “အမေရိကန် စစ်ကြေညာ စစ်အုပ်စုကို တရားဝက် ကြေညာလိုက်ပြီ ဒုချုပ်စိုးဝင်းက မင်းအောင်လှိုင် အမြန်ဆုံးပြန်လာဖို့ ပြန်ခေါ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေ ကြိုဆိုနေတဲ့ ဗွီဒီယိုလား – မဟုတ်ပါ

 သမ္မတ ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေက ကြိုဆိုနေပုံလို့ဆိုလိုပြီး ဗွီဒီယိုပို့စ်တခု မတ်လ ပထမပတ် အတွင်းက လူမှု ကွန်ယက်မှာပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှု တခုဖြစ်တယ်။  တကယ်တော့ ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတယောက်ရဲ့ စျာပနအခမ်းအနား တခုက ဗွီဒီယိုဖြစ်တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဇန်လန်းစကီးကြား အိမ်ဖြူတော်မှာ အခြေအတင်ဖြစ်ပြီးနောက် ဒီဗွီဒီယိုဟာ သမ္မတဇန်လန်းစကီးကို ကြိုဆိုပုံအဖြစ် ပျံ့နှံ့လာခဲ့တာပါ။  အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ယူကရိန်းသမ္မတအား ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းကို […]

Continue Reading

Fact Check: အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်းတဲ့ သတင်းတု

အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်း လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “‌ဒေါ်စု ဖမ်းဝရမ်း ပြန်ရုတ်သိမ်း အမေရိကန်နဲ့ ကုလ ကန့်ကွက်လို့  ပြန်ရုတ်သိမ်းပြီ စစ်ခေါင်းဆောင်များကိုသာ ဖမ်းဆီးဖို့အင်တာပို လက်ခံ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင်တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုလိုက်ပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ဆိုထားတဲ့ သတင်းတုဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ ဒီဗွီဒီယိုမှာပဲ သူ့ရဲ့တောင်းဆိုချက်ကို လိုက်နာပြီး ၃ မိနစ်အတွင်း ရာသက်ပန်လွတ်ငြိမ်းခွင့်နဲ့ စစ်ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုထားပါတယ်။  နိုဝင်ဘာ ၂၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၂၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “သမ္မတဒေါ်နယ်ထရမ့် တောင်းဆိုမှုကြီးပြီ ‌ဒေါ်စုကိုမလွှတ်ရင် စစ်ရေးနဲ့အရေးယူမည်ပြောလို့ (၃)မိနစ်မကြာဘူး ရာသက်ပန် လွတ်ငြိမ်းခွင့်ပေးပြီ” မူရင်းလင်ခ့် – Facebook […]

Continue Reading