Fact Check: စောင့်ကြည့်ကင်မရာတွေကတဆင့် အီရန်တိုက်ခိုက်မှာစိုးရိမ်ပြီး အစ္စရေးမှာ  ကင်မရာတွေကို လိုက်လံဖျက်ဆီးနေတာလား- မဟုတ်ပါ

အီရန်က စောင့်ကြည့်ကင်မရာတွေကို အသုံးပြုပြီး တိုက်ခိုက်မှာ စိုးရိမ်ပြီး အစ္စရေးက စောင့်ကြည့် ကင်မရာတွေ လိုက်လံဖြုတ်ပစ်နေတယ်လို့ ပြောဆိုဖြန့်ဝေနေတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ ယူနီဖောင်းဝတ် လုံခြုံရေးတဦးလို့ ယူဆရတဲ့ သူက စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီး နေတာကို ဒီဗွီဒီယိုထဲမှာ တွေ့ရတယ်။ ဒီ စောင့်ကြည့်ကင်မရာတွေ ဖျက်ဆီးနေတဲ့ ဗွီဒီယိုဟာ  ၂၀၂၅ ခုနှစ်အတွင်းက အစ္စရေးမှာ ဖြစ်ပျက်ခဲ့တဲ့  ဖြစ်စဉ်တခုက ဖြစ်ပြီး လက်ရှိ စစ်ပွဲနဲ့ သက်ဆိုင်ခြင်း မရှိတာတွေ့ရတယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ vdo တွေအရ Israel ရဲတပ်ဖွဲ့‌တွေဟာ Iran မှ ပစ်ခတ်သော မစ်ဆိုင်းများ  Israel […]

Continue Reading