ဒေါ်အောင်ဆန်းစုကြည်အတွက် နေပြည်တော်မှာ မြေ ၄ ဒသမ ၄ ဧကချထားပေးတယ်ဆို တဲ့သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအတွက် မြေကွက်တွေ ချထားပေးတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ ဒုတိယသမ္မတ ဉီးမြင့်ဆွေကလွဲလို့ နိုင်ငံတော်သမ္မတအပါအဝင် ဒုတိယသမ္မတ၊ဝန်ကြီးတွေနဲ့ နေပြည်တော်ကောင်စီလူကြီးတွေစုစုပေါင်း ၁၆ ဉီးရေမြေကွက်အမှတ်နံပါတ်တွေနဲ့ အကျယ်အဝန်း​ေတွကို ဖော်ပြထားတာတွေ့ရပြီး “April May”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဖေ့စ်ဘွတ်အုပ်စုအတော်များများမှာ မျှဝေထားတာတွေ့ရပါတယ်။ အလားတူစွာ “Aung Shein”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ဒီလိုမြေကွက်အမှတ်တွေနဲ့ အစိုးအဖွဲ့ဝင်လူကြီး တွေအမည်စာရင်းကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဇွန် ၁၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှာ နေပြည်တော်ကောင်စီတာဝန်ရှိသူတွေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ တာတွေ့ရပါတယ်။  နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ မြေကွက် ချထားပေးခြင်းမရှိဘူးလို့ နေပြည်တော်ကောင်စီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောဆိုခဲ့တာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီလိုပဲ နိုင်ငံတော်၏အ […]

Continue Reading

၂၀၁၂ Air Bagan လေယာဉ်ပျက်ကျမှုက ပုံတွေကို ရခိုင်ပြည်နယ်မှာ စစ်လေယာဉ်ပျက် ကျမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

ရခိုင်ဘက်ကို စစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်ပျက်ကြတယ်ဆိုပြီးတော့ လူမှုကွန်ယက်သုံး စွဲသူတွေအကြားမှာ လေယာဉ်အစိတ်အပိုင်းပုံတွေနဲ့ မီးလောင်နေတဲ့ ပုံတွေပါတဲ့ လေယာဉ်ပျက်ကြမှုမြင်ကွင်း ဓာတ်ပုံတွေ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ “ရခိုင်ဖက်ကိုစစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်တစ်စီးဟာ ပျက်ကျပြီး ပြာအတိဖြစ်သွား တယ်လို့ သိရပါတယ်၊ ၎င်း လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ဗိုလ်တွေက  အချင်းချင်းပစ်ခပ်မှုဖြစ် ကြတယ် လို့လည်း သိရတယ်ခညာ….”ဆိုပြီး “MaGwi MaJap”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကအောက်ပါအတိုင်း  မျှဝေ ထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် အပျက်အစီးတွေက ဓာတ်ပုံတွေကို သေချာဆန်းစစ်ကြည့်ရင်တပ်မတော်နဲ့သက်ဆိုင်တဲ့ အမှတ်သင်္ကေတတစ်ချို့ မဟုတ်တာတွေ့ရပါတယ်။ ပထမဆုံး မီးခိုးတွေနဲ့ မီးလောင်နေတဲ့ မြင်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ Link Link ၂၀၁၂ ခုနှစ်က ဒီဇင်ဘာ […]

Continue Reading