Fact Check: KNA ခေါင်းဆောင် စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု

KNA ‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီး စောချစ်သူကို နေပြည်‌တော်အစိုးရ ခွင့်ပြုချက်နဲ့ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီ မင်းအောင်လှိုင်ရဲ့ ခွင့်ပြုချက်ကြောင့် ကျားဖျန့် လုပ်ဆောင်နေ ဖြစ်ကြောင်း စောချစ်သူ ဖွင့်ချ ၊ မအလ ဘဝနိဂုံးရောက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ကရင်လက်နက်ကိုင် KNA တဖြစ်လဲ BGF ‌ခေါင်းဆောင်ဟာ အမေရိကန်အစိုးရ ပိတ်ဆို့မှုစာရင်းဝင် တဦးဖြစ်ပြီး မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးပြီး သူကောင်းပြုထားသူတဦးဖြစ်တယ်။  ဗွီဒီယိုဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမှုအားလုံး ပိတ်သိမ်းတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမှုအားလုံး ပိတ်သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ ကြည့်ပါ။ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း ကာလရှည်ကြာ ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အထိ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးတော့မယ်လို့ စစ်ကောင်စီရဲ့ အဓိက သတင်းပြန်ကြားရေး ဖြစ်တဲ့ မြန်မာ့ရုပ်မြင် သံကြား(MRTV) ကနေ တရားဝင် ကြေညာသွားခဲ့တယ်လို့ ဆိုထားတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ  “ဒေါ်စု အမှု အားလုံး ရုတ်သိမ်း  နိုင်ငံတကာရဲ့ ဖိအားကြောင့် အမေစု အမှုအားလုံး ပိတ်သိမ်းလိုက်ပြီ ၊ ပြည်သူ့အောင်ပွဲသတင်း လာပြီ” Original link | Archive link […]

Continue Reading

Fact Check: အာဆီယံက နေပြည်တော်အစိုးရကို ပြင်းပြင်းထန်ထန်အရေးယူတဲ့ သတင်းတု

မြန်မာစစ်သံမှူးတွေကို အာဆီယံက ဖမ်းဆီးလိုက်ပြီး ဘုံသဘောတူညီချက်တွေ မလိုက်နာလို့ မြန်မာကို အာဆီယံအဖွဲ့တွင်းကနေလည်း နှင်ထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “မြန်မာ စစ်သံမှူးတွေ အာဆီယံ ဖမ်းဆီး  ဘုံသဘောတူညီချက် မလိုက်နာလို့ မြန်မာကို အာဆီယံမှ နှင်ထုတ် ၊  á€žá€śá€›á€Żá€śá€¸á€Ąá€›á€Źá€›á€žá€­á€á€˝á€ą အကုန်ဖမ်းဆီး ၊ပွဲဆူနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: ပဲခူးမြို့အထိ AA တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းတု

ပဲခူးမြို့အထိ အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ပျံ့နှံ့မှု ပြန်လည်အားကောင်းနေတယ်။ သတင်းတုသာဖြစ်တယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။   â€œá€•ဲခူးမဟိုအဥထိ AA တက်သိမ်းနေပြီ ကျောက်ဖြူမြို့ သိမ်းပိုက်အပြီး ပြည်မဘက်ကို AA စတိုက်ပြီ ၊ အရာရှိတွေအပါဝင် (၅၀၀) ကျော် လက်နက်ချ”  Original link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ […]

Continue Reading

Fact Check: အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာ စစ်အုပ်စု ကြေညာတဲ့ သတင်းတု

အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တစ်နိုင်ငံလုံး အပစ်ရပ်စဲခြင်း စတင်ကြေညာ အချက် ၃ ချက် အတည်ပြု အမေရိကန်နဲ့ တရုတ် ဦးဆောင်မည် စစ်တပ်ထိန်းချုပ်မှု အောက်ကနေ လွတ်ရတော့မည် တစ်နိုင်ငံလုံး စစ်သံတိတ် ရတော့မည်” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ် ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ […]

Continue Reading

Fact Check: စစ်တွေမြို့ကို AA သိမ်းပိုက်လိုက်ပြီး စစ်တပ်ခန့် ရခိုင်ဝန်ကြီးချုပ်နဲ့ စစ်သား ၅၀၀ အရှင်ဖမ်းမိတဲ့ သတင်းတု

စစ်တွေမြို့ကို AA သိမ်းပိုက်လိုက်ပြီး စစ်တပ်ခန့် ရခိုင်ဝန်ကြီးချုပ်နဲ့ စစ်သား ၅၀၀ အရှင်ဖမ်းမိတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စစ်တွေမြို့ ကျသွားပြီ ရခိုင်ဝန်ကြီးချုပ် အရှင်ဖမ်းမိ ၊ AAကတော့ ကြမ်းနေပြီ ၊ စစ်ခွေး (၅ဝဝ) ဖမ်းဆီး ၊ မအလ မျက်ခုံးလှုပ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရခိုင်ပြည်နယ် နေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AA ဟာ စစ်တွေမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားတာ တနှစ်ဝန်းကျင်ရှိပြီဖြစ်တယ်။ ဒါပေမဲ့ စစ်တွေမြို့စောင့်တပ်လို့ ခေါ်နိုင်တဲ့ စစ်တွေမြို့နဲ့ တမိုင်အကွာအထိ  AA ဒီလအစပိုင်းမှာ စစ်ရေးအရှိန်မြှင့်လာခဲ့ပြီး […]

Continue Reading

Fact Check: မကွေးလေတပ်တိုက်ခိုက်ခံရမှု အများအပြားသေဆုံးပြီး အကြီးဆုံး ကပစ AA သိမ်းပိုက်မှု သတင်းတု

မကွေးတိုင်းမှာရှိတဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းစက်ရုံကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်၊ မကွေးလေတပ်စခန်းကို တိုက်ခိုက်မှု လေယာဉ်မှူးနဲ့ စစ်သား ၂၅၀ ကျော်သေဆုံးခဲ့တယ် စတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက မျှဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “မကွေးရှိ ကပစ အကြီးဆုံး အေအေ သိမ်း စစ်ကောင်စီတပ်(၁၆၃)ဦး အရှင်ဖမ်းမိ မကွေးရှိ အကြီးဆုံး ကပစ အေအေ ဝင်စီး အပြီးသိမ်း၊  စစ်ကောင်စီတပ်(၁၆၃)ဦး အရှင်ဖမ်း” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar က […]

Continue Reading

Fact Check: သဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းပြောတဲ့ သတင်းတု

ငြိမ်းချမ်းရေးသဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းက ပြောဆိုလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ငြိမ်းချမ်းရေး သဘောတူပြီဟု မအလ ထုတ်ဖော် သမ္မတ ဦးဝင်းမြင့်ကို ရာယူးပြန်ပေးမည်ဟုပြော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မည့်ရက် အတိအကျ ထုတ်ဖော်” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ ဗွီဒီယိုဖြန့်ဝေထားတဲ့ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: ကျောက်ဖြူဆိပ်ကမ်းကို အမေရိကန်ဝင်တိုက်နေပြီး မြန်မာ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူတောင်းတဲ့ သတင်းတု

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို အေအေ(Arakan Army)နဲ့အတူ အမေရိကန် ဝင်တိုက်နေပြီး မြန်မာ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူတောင်းနေရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက မျှဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ကျောက်ဖြူဆိပ်ကမ်း အမေရိကန် တိုက်ပြီ  မင်းအောင်လှိုင် တရုတ်ကို စစ်ကူတောင်းနေ  ကျောက်ဖြူဆိပ်ကမ်းကို အမေရိကန်တပ်နဲ့ အေအေ တို့မှ ဝင်တိုက်နေပြီ၊ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူ တောင်းနေရပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar က မကြာခဏ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတယ်လို့ ဆိုထားတဲ့ ပြောဆိုချက်တွေ ဒီရက်ပိုင်းထဲ ယူကျူ့ချန်နယ် အတော်များများမှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  ဒီနေရာမှာလည်း ကြည့်ပါ။  “ညနေ(၆) နာရီ အ‌မေစု ထွက်လာပြီ တပ်ချုပ် ရဲ့ဝင်းဦးရဲ့ အမိန့်ဟုသိရ၊MRTVကနေ ကြေညာပြီ ၊ တနိုင်ငံလုံး နိုင်ကျဉ်းတွေပါဝင်လာ” Original link | Archive link အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်တွေနဲ့ […]

Continue Reading