Fact Check: ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတဲ့ သတင်းတု
ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၁ ရက်က ဖြန့်ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ၇ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။ “မအလ ထိုးကြွေးနေပြီ အကျဉ်းဦးစီးကို သေဒဏ်ပေးပြီ ရွှေညဝါ ဆရာတော်နှင့် မောင်သာချိုသေဆုံးမှု ပြဿနာတက်နေပြီ သေဒဏ်ပေးရန် အမိန့်ပေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး မကြာခဏ အချက်အလက်စိစစ်ချက် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီချန်နယ်ကို […]
Continue Reading