၂၀၂၀ မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပြစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။ ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “၂၀၂၀ အတွက် NLDလွှတ်တော်ကိုယ်စားလှယ်တွေ မြင်ဖူးအောင်လို့ ပါ ဒီတစ်ခါ NLDကို မဲပေးရင် အိမ်မှာ ကိုးကွယ်နေကြတဲ့ ဘုရားစင် ပျောက်ပါပြီလို့ မှတ်လိုက်ကြပေတော့ ဗုဒ္ဓဘာသာ မြန်မာမှန်ရင် NLDပါတီကိုလုံးဝ (လုံးဝ) မဲမပေးကြပါနှင့်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အကောင့် ပိတ်ခံရမှာကို ကြောက်ပြီးမ Share သွားလည်းရပါတယ်၊၊NLD ကိုတော့ မဲမပေးပါနဲ့….”ဆိုပြီးတော့ အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “(ပအိုဝ်ႏတိုင်းရင်းသားများဆုံဆည်းရာ)”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုပဲစတဲ့ သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link […]
Continue Reading