သရုပ်ဆောင်စမိုင်းရဲ့မွေးနေ့ကံစမ်းမဲစာရင်းမှာပါဖို့ ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ ပို့စ်ကို မျှဝေစရာ မလိုပါ

သရုပ်ဆောင် စမိုင်းက မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဂရု ၅ ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေ တာတွေ့ရပါတယ်။  “May Yati”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ စမိုင်း ဂရု၅ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါ”စသည်ဖြင့်ရေးသားပြီး “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။  Fb link Archive link သရုပ်ဆောင်စမိုင်းဟာ သူမမွေးနေ့ပါတီမှာ အွန်လိုင်းကနေပြီးတော့ မဲဖောက်ပေးမယ့်အစီအစဉ်ရှိ တာတွေ့ ရပါတယ်။ သို့သော်လည်း အခုလို့ ပို့စ်ကို ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေခိုင်းပြီး ဖုန်းနံပါတ်ရေးခိုင်းသလားကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် သရုပ်ဆောင်စမိုင်းရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ “စမိုင္းလ္ Smile”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ […]

Continue Reading

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင်နိုင်ရန် စမ်းသပ်မှုအောင်မြင်ဆိုတဲ့ သတင်းတု

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင် နိုင်ရန် စမ်းသပ်မှု အောင်မြင်တယ်ဆိုပြီး အမျိုးသားတစ်ဦး သာမန်ထက်ဗိုက်ဖောင်းနေတဲ့ ပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ “မြန်မာနိုင်ငံရန်ကုန်မြို့ရှိ ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဇွန်လ ၁ရက်နေ့က အမျိုးသားများကိုယ်ဝန် ဆောင် ခြင်းကို စမ်းသပ်ခဲ့ရာ အောင်မြင်မှုရှိခဲ့သည်ဟု ဒေါက်တာဦးကိုကိုဝင်းမှ ပြာကြားသွားသည်”ဆိုပြီးတော့ အောက်ပါအတိုင်း မျှဝေထားတဲ့ ပို့စ်မှာရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှုရှိခဲ့သလား။ ဓာတ်ပုံထဲက ဗိုက်ပူနေတဲ့သူတွေ က ကိုယ်ဝန်ဆောင်ထားတာလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှု အောင်မြင်တယ်ဆိုတဲ့ ပို့စ်မျိုးမတွေ့ရှိရပါဘူး။ မြန်မာနိုင်ငံက အထင်ကရ သတင်းမီဒီယာကြီးတွေမှာ ဒီလိုသတင်းမျိုးတစ်စုံတစ်ရာဖော်ပြထားတာ မတွေ့ရှိ ပါဘူး။ […]

Continue Reading

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူကတွေက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Aung San Suu Kyi (State Counsellor)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link Archived အချက်အလက်စိစစ်ချက် “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီ”လို့ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာပါတဲ့ လင့်ခ်ကို ဖွင့်ကြည်တဲ့အခါမှာ The Voice က အယ်ဒီတာအာဘော်ဖြစ်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်လို့ ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ “လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ​ကြံခိုင်ရေး ( ခေါ် ) ပြည်ခိုင်ဖြိုးပါတီအားမေတ္တာရပ်ခံလိုပါသည်။”လို့ […]

Continue Reading

မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ ဒဏ်ရာ ဒဏ်ချက် ကြောင့်ဆိုတဲ့ အထောက်အထားမရှိပါ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ မြန်မာတပ်မတော်မှ ဖမ်းဆီးစစ်ဆေးမှုအပြီးရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။  ‎”ဆရာဝန်လောကကိုခြိမ်းခြောက်လာနေသောမြန်မာ့တပ်မတော်နှင့်မြန်မာ့အစိုးရ” ဆိုပြီးတော့ Freedom for Burma အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ မေ ၁၆ ရက်နေ့က အောက်ပါအတိုင်းဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဆေးရုံမှ ဒေါက်တာ (နေလင်းထွန်း)အား စစ်ပွဲအတွင်း ရွာကိုပစ်ခံရလို့ ဒဏ်ရာရသည့် ရခိုင်ပြည်သူ များအား ဆေးကုပေးတယ်ဟုဆိုကာ မြန်မာတပ်မတော်မှ ဖမ်းစီးထားစဉ် နောက်နေ့မနက် သေဆုံးခဲ့တယ် ဆိုပြီးတော့ အောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်။ ဆက်လက်ပြီး နားနှစ်ဖက်သွေး ယိုထွက်ဒဏ်ရာ၊ ဦးခေါင်းသွေးယိုစိမ့်ဒဏ်ရာ၊ ကိုယ်တစ်ကိုယ်လုံး မဲညိုပုပ်လျက် အလီးအပေါ့များထွက်ကျ လျက်သားသေဆုံးခဲ့ တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

မြန်မာနိုင်ငံမှာ ဗုဒ္ဓခြေတော်ရာအဖြစ်မျှဝေနေတဲ့ ဟာနုမာန်ခြေရာ

ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ဆိုပြီးတော့ ခြေတော်ရာကြီးတစ်ခုကို လူတွေက ထိုင်ကန်တော့နေဟန် ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပါလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်”ဆိုပြီးတော့ mmrepublic.com ကရေးသားထားတဲ့ ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ Link Archive link ဗုဒ္ဓခြေတော်ရာတွေထဲမှာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မှာရှိတဲ့ ရွှေစက်တော်ဟာ နာမည်ကြီးပါတယ်။ တကယ်ပဲ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်လောက်ကတည်း အင်တာနက်မှာ ဒီပုံဟာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအရ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာထက် ထိုင်းနိုင်ငံက […]

Continue Reading

ထီပေါက်လို့ လှူချင်လို့ပါဆိုပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေကို ညာနေတဲ့ ဖေ့စ်ဘွတ်အုပ်စု

“Sein Lwin”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “ဂရု Join ထားနော် ရတဲ့သူတွေရကုန်ပီး… မရသေးသူများ ဖုန်းနံပတ်ရေးခဲ့ပါ ဂရု မJoin ထားရင် မရပါဘူးစာအမဲလေးကိုနှိပ်ပြီး Join Group ကိုနှိပ်ဖုန်းနံပါတ်ရေးခဲ့ပါ ခုနေငွေဆက်တိုက်လွှဲပေးနေပါတယ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုကို လူတွေက ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။  Fb link Archive link ဒီပို့စ်မှာ မျှဝေထားတဲ့ လင့်ခ်နှစ်ခုကို နှိပ်လိုက်တဲ့အခါမှာ ““ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုနဲ့ အခြားဖေ့စ်ဘွတ်အုပ်စုဖြစ်တဲ့ “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုကိုရောက်သွားပါတယ်။ Fb link Fb link အချက်အလက်စိစစ်ချက် ဒီလို ပိုက်ဆံလွှဲပေးမယ်လို့ ပျံ့နှံ့နေတဲ့ ပို့စ်အောက်မှာ ဖုန်းနံပါတ်တွေကို ဖေ့စ်ဘွတ်သုံးစွဲသူတွေ ချန်ထားခဲ့ တာတွေ့ရပါတယ်။ အဲဒီဖုန်းနံပါတ်တွေထဲက […]

Continue Reading

အာရှမှာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအချမ်းသာဆုံးလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှမှာ အချမ်းသာဆုံး ၁၀ ဉီးမှာ ဒုတိယချိတ်တယ်ဆိုတဲ့ စာသားဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီစာသားဓာတ်ပုံနဲ့အတူ “ဒီရဲဂျာ” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဒေါ်အောင်ဆန်းစုကြည်ကို လိင်ပိုင်းဆိုင်ရာ စော်ကားထားသော အသုံးနှုန်းများနဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှမှာ ဒုတိယအချမ်းသာဆုံးဆိုတာ တကယ်လား။ အာရှမှာအချမ်းသာဆုံး ပုဂ္ဂိုလ် တွေက ဘယ်သူတွေလဲဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ အချက်အလက်စိစစ်ချက် Goolge မှာ “asia richest people” သို့မဟုတ် “asia top 10 richest”ဆိုပြီးရိုက်ရှာကြည့်မယ်ဆိုရင် အာရှက အချမ်းသာဆုံးသူတွေအကြောင်းရေးသားထားတဲ့ ရလာဒ်အမြောက်အများတွေ့ရမှာဖြစ်ပါတယ်။ ဒီထဲမှာ အမေရိကန်အခြေစိုက် Forbes သတင်းဌာနဟာ ကမ္ဘာမှာ အချမ်းသားဆုံးပုဂ္ဂိုလ်တွေကို နှစ်စဉ်ခန့်မှန်း ထုတ်ပြန်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ […]

Continue Reading

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေ ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိဘူးလို့ အမတ်ဦးစိုးသိန်း ပြောဆိုတဲ့ သတင်းတု

“ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တိုင်း ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိသောကြောင့် ရှက်စရာကြောက်စရာ မလိုဟု အမတ်ဦးစိုးသိန်း ပြောဆို”လို့ခေါင်းစဉ်တပ်ထားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း မီဒီယာတွေကိုစကားပြောနေဟန်နဲ့ screenshot တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “Current Affiars”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ Justin Trvol အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပြီး ၂၄ နာရီအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ Link Archive link Eleven မီဒီယာတံဆိပ်ကို မျှဝေထားတဲ့ screenshot မှာတွေ့မြင်ရပါတယ်။ အမှန်တကယ်ပဲ လွှတ်တော် ကိုယ်စားလှယ်ဦးစိုးသိန်းက ပြောခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်။ အချက်အလက်စိစစ်ချက်  ပထမဆုံး အလဲဗင်းသတင်းဌာနရဲ့ ဗွီဒီယိုဝက်ဘ်ဆိုဒ်မှာ အခုဗွီဒီယိုနဲ့အလားသဏ္ဌာန်တူတဲ့ ဗွီဒီယိုရှာဖွေရာမှာ  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ “ဒီဖွဲ့စည်းပုံက […]

Continue Reading

ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံကလေးတွေဘက်က ရပ်တည်ဖို့ ပြည်ခိုင်ဖြိုး ဥက္ကဌ စာထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတု

ဗစ်တိုးရီးယားမှုဟာ လူထုကြားမှာ ရေပန်းစားပြီး ဝိုင်းရံမှုအားကောင်းခဲ့တဲ့ သက်ငယ်မုဒိန်းမှုဖြစ်ပေမဲ့ တရားခံလို့ စွပ်စွဲဖမ်းဆီးခဲ့တဲ့ ကျောင်းကားမောင်းသူ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးအပြီးမှာ နောက်ထပ် တရားခံ မရှိတော့ဘဲ အမှုဟာ လိပ်ခဲတည်းလဲနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။  ဒီအမှုမှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်စဉ်မှာ ဥပဒေအရ လျို့ဝှက်ထားရမယ့် ကလေးငယ်နဲ့ မိဘတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို ရဲတပ်ဖွဲ့အကြီးအကဲ တွေက အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီး ၃ ဉီးကို ရာထူးတိုးရပ်ဆိုင်းနဲ့ အရေးယူခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘာကြောင့်..Victoria..လေးရဲ့ အမှု့ နဲ့ ပါတ်သက်ပြီး..ရာထူး တိုးခြင်း ရပ်ဆိုင်း ဆိုတဲ့ အပြစ်သေးသေး လေးကို ပေးရတာလဲဆိုတာ သိချင်ရင်..ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ….ဥပဒေကို ကျောသား နဲ့ ရင်သား ခွဲခြားတက်တဲ့ ပါတီကို.. ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မဲပေးရမှာလဲ”ဆိုပြီးတော့ […]

Continue Reading