ဆန္ဒပြသူတွေရှေ့မှာ အမေရိကန်ကရဲတွေ ဒူးထောက်တာဟာ တောင်းပန်တာမဟုတ်ပါ

မေ ၂၅ ရက်က အမေရိကန်နိုင်ငံ မီနီယာပိုလိစ်မှာ ရဲဖမ်းဆီးစဉ်အတွင်း အာဖရိကဖွားအမေရိကန်အမျိုးသား ဂျော့ဖလွိုက်(George Floyd) သေဆုံးခဲ့ရမှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက အမေရိကန်တစ်ဝှမ်းမှာ ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ချို့ရှိသလို အကြမ်းဖက်ဖျက်ဆီးမှုတွေလည်းရှိခဲ့ပါတယ်။ ဝါရှင်တန်၊လော့အိန်ဂျလိစ်၊ချီကာဂို၊မီယာမီ၊ဒက်ထရွိုက်၊ဖိလဒယ်ဖီးယားစတဲ့ မြို့ကြီးပေါင်း ၄၀ ထက်မနည်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဖလော်ရီဒါပြည်နယ် မီယာမီမြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေါသထွက်နေတဲ့ဆန္ဒပြည်သူ တွေကို ငြိမ်းချမ်းစွာ ဒူးထောက်၍ အသနားခံတောင်းပန်နေ”ဆိုတဲ့ ပို့စ်တစ်ခုကို  extramm.com အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားထားတာတွေ့ရပါတယ်။ Link Archive link “ခွန်အားရှိသော စာပေများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “WT Kaung”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူလည်း ပြန်လည်မျှဝေထားသလို “Su Su San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ ရဲအရာရှိကြီးငယ်တွေက အုပ်စုလိုက် ဒူးထောင်နေကြတာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ […]

Continue Reading

ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းမှား

လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  Fb link Archive link ဒီပို့စ်ဟာ ၂၀၁၉ ခုနှစ်မှာ ဇူလိုင်လထဲမှာ“Aung Thu Soe”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး ယခုရက်ပိုင်းအတွင်းမှာလည်း ပြန်လည်မျှဝေနေတာအောက်ပါအတိုင်း တွေ့ရပါတယ်။ ပို့စ်မှာ အနားပေးလိုက်ပြီးဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးဟောင် ဉီးကျော်ဝင်းကို ဒေါ်အောင်ဆန်း စုကြည်က ဖိအားပေးလို့ အရေးမယူခဲ့ဘူးဆိုတာ အဓိကရေးသားထားပြီး တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်ရဲ့ ကျပ်ဘီလီယံ ၈၀ လာဘ်စားမှုကို စောင့်ကြည့်ရမယ်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတဲ့ သတင်းကို […]

Continue Reading

NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြောဆိုတဲ့ သတင်းတု

လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ “NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိကြောင်း အဂတိကော်မရှင်ပြော”လို့ရေးသားထားပြီး RFA သတင်းဌာနတံဆိပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ပုံကို အသုံးပြုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ဒီဓာတ်ပုံကို “ဦးဦး မြင့် အောင်”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီဓာတ်ပုံပို့စ်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမကြာခဏပေါ်လာတဲ့ ဓာတ်ပုံပို့စ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ “ဒီမိုကရေစီရဲ့အရသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့သလို ၂၀၂၀ ဧပြီ ၆ ရက်မှာ “နော် ဇေ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီအချက်ဟာ ဖြစ်နိုင်ပါသလား။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်က တကယ်ပဲ RFA သတင်းဌာနကို ပြောကြားခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး RFA […]

Continue Reading