Music Zoneကို လာခဲ့ပြီး သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာမယ်ဆိုတာ ဟုတ်ပါသလား

COVID-19 ပြန်လည်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းအတွင်း စံချိန်ကူးစပ်ပျံ့နှံ့မှုအများဆုံးကို ဖြစ်ပေါ်စေတဲ့ သင်္ဃန်းကျွန်မြိုနယ်ရှိ Music Zone KTVကို သွားလာခဲ့ပြီး သက်ဆိုင်ကျန်းမာရေးဌာနဆီ သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပြန့်နှံ့နေတာတွေ့ရပါတယ်။ “Music Zoneကို လာခဲ့ပြီး သတင်းမပို့သူများ CCTVမှတ်တမ်းဖြင့် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ”လို့ရေးသားထားတဲ့ ပို့စ်ကို Kyaw Swar Myintအမည်ရှိတဲ့ ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးကတင်ထားပြီး ဒီပို့စ်ကိုပဲ ပြန်လည်မျှဝေသူပေါင်း ငါးထောင့် ငါးရာကျော်ရှိခဲ့ပါတယ်။ FB Link Achive Link အချက်အလက်စိစစ်ချက် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်ပြီး မြိုံနယ်အတွင်း ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု အခြေနေသတင်းတွေကို ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပုံမှန်တင်ပေးနေသူ ဒေါက်တာကျော်စွာဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောက်မှာတော့ အထက်ပါသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာရေးသားထားတာမတွေ့ရပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး Factcrescendo Myanmarက […]

Continue Reading

အီရတ်မှာ မိသားစုဝင် ၁၅ ဦး နာရီပိုင်းခြားပြီး သေဆုံးမှုမြင်ကွင်းလား

သင်္ချိုင်းတစ်ခုမှာ အဖြူရောင်အစနဲ့ ဖုံးအုပ်ထားတဲ့ အလောင်းတွေကို အီရတ်နိုင်ငံက မိသားစုဝင်၁၅ယောက်လုံး နာရီခြားပြီး သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့ပို့စ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ကိုဗစ် ဒုတိယလှိုင်း မျိုးရိုးဗီဇ ပိုမိုပြင်းထန်လာနေပြီ အီရတ်နိုင်ငံက မိသားစုဝင် တယောက်ကနေ တအိမ်သား လုံးကူးစက်ပြီး၅ရက်အကြာ ဝေဒနာပြင်းထန်စွာခံစားရပြီး မိသားစုဝင်၁၅ယောက်လုံး နာရီခြားစီ သေဆုံးခဲ့ သောမြင်ကွင်းပါ မြန်မာပြည်အနေနဲ့မပေါ့ဆကြပဲ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ကြဖို့ လိုနေပါပြီ” လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတတွေ့ရပါတယ်။ Fb link Archive link အလားတူပို့စ်ကို ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုမျိုး ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မျိုးဖြစ်နိုင်ပါသလား။ ဖြစ်နိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေက မိသားစု ၁၅ ဦးနာရီပိုင်းခြားပြီးသေဆုံးခဲ့ပုံတွေလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် မိသားစုဝင် ၁၅ ဦးနာရီပိုင်းခြားသေဆုံးခဲ့တယ်ဆိုတဲ့ ဒီပို့စ်မှာ မျှဝေနေတဲ့ […]

Continue Reading