ဂျင်းက COVID-19 ကိုကာကွယ်ကုသနိုင်တဲ့ အထောက်အထားမရှိပါ

ဂျင်းက COVID-19 ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဂျင်း ဆားပြုတ်ရည်ကို နာရီဝက်လောက်ကြိုသောက်ထားမယ်ဆိုရင် COVID-19 ပိုးမတွေ့ နိုင်ဘူးလို့လည်း ပြောကြားထားပြီး “ဂျင်း၊ဆားပြုတ်ရည်ဟာ လည်ချောင်းဝ၊ ချွဲအရည်ကြည်မှာ ပိုးကို ခိုကပ်အား မယူနိုင်အောင်၊ ကြာရှည် မနေနိုင်အောင် မောင်းထုတ်နိုင်တယ်ဆိုတာမျိုး ဖြစ်ဖို့များပါတယ်။ သူကြာကြာ မနေနိုင်ရင် ပွားများလာပြီး အဆုတ်နဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်ခိုက်ဖို့ အင်အားလျော့နည်းသွားစေတဲ့ သဘောဖြစ်ပါတယ်”လို့ “Min Han”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကရေးသားမျှဝေထားတွေ့ရပါတယ်။ Link Archive link တကယ်တော့ ဒီလိုပြောဆိုချက်ဟာ ကိုယ်ပိုင်ယူဆချက်တစ်ခုဟာဖြစ်ပြီး ဆေးဘက်ဆိုင်ရာမှာ ကာကွယ်ကုသနိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမေရိကန်အမျိုးသားသိပ္ပံအဖွဲ့အစည်းက ဂျင်းကို စားတာဖြစ်စေ ဂျင်းလက်ဖက်ရည်ကို သောက်တာဖြစ်စေ ဂျင်းပါတဲ့ဆေးလုံးကို စားတာဖြစ်စေ ဂျင်းမှုန့်ကို ရှူတာ၊ အစားထဲမှာ […]

Continue Reading

နှစ်ပေါင်း၁၀၀ကျော်ကဖြစ်ပွားခဲ့တဲ့ကမ္ဘာ့ရောဂါကပ်ဆိုးကြီးအတွင်းက ဓာတ်ပုံတွေလား

ကာလာအဖြူအမည်နဲ့ အမျိုးသမီးတွေဟာ ပါးစပ်နဲ့နှားခေါင်းစည်းတွေဝတ်ဆင်ထားတဲ့ပုံတွေ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ကမ္ဘာ့ရောဂါကပ်ကြီးမှ ရှားရှားပါးပါးဓာတ်ပုံမှတ်တမ်းတွေအဖြစ် လူမှုကွန် ယက်မှာသုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “လွန်ခဲ့သောနှစ်ပေါင်း၁၀၀ကျော်ခန့်က ကမ္ဘာ့ရောဂါကပ်ဆိုးကြီးအတွင်းမှ ရှားပါးမှတ်တမ်းဓာတ်ပုံများ” လို့ရေး သားပြီး “‎ရှိုင်းမြင့်မိုး‎”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက “တနင်္သာရီတိုင်းဒေသကြီးသတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ် အုပ်စုမှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၇၀၀ ကျော်ကပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီပို့စ်မှာ ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဆင်ထားတဲ့ ဓာတ်ပုံ ၄ ပုံအပါအဝင်အပြင် နောက်ထပ် ဓာတ်ပုံ ၉ ပုံပါဝင်တာတွေ့ရပါတယ်။ Fb link Archive link အလားတူပို့စ်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ ဒီဓာတ်ပုံတွေဟာ တကယ်ပဲနှစ်တမ်း ၁၀၀ ကျော်အတွင်းက ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေလား။ ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပို့စ်မှာပါတဲ့ပုံတွေထဲက ပထမဆုံးပုံကို Google မှာ […]

Continue Reading