Fact Check: သီတဂူရေအလှူတော် ပဒေသာပင် ကျပ်ငွေ ၁၀၀ ကုဋေ့ကို COVID-19 အတွက်လှူဒါန်းမှုအဖြစ် သတင်းမှားဖြန့်

ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီလို့ ရေးသားမျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  သီတဂူဆရာတော်ဘုရားကြီးက ကိုဗစ် ကာကွယ်ရေးအတွက် လိုအပ်တာတွေ လှူသလိုမရှိတဲ့သူတွေကိုလည်း စားနပ်ရိက္ခာတွေ မကြာခဏလှူဒါန်းနေပြီး ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီ လို့ရေးသားပြီး “ကုဋေ တစ်ရာ”လို့ရေးသားထားတဲ့ မှတ်တမ်းဓာတ်ပုံနှင့်အတူ မျှဝေထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ သီတဂူရေအလှူတော်ပဒေသာပင်အတွက် ငွေကျပ် ကုဋေ ၁၀၀ မတည်လှူဒါန်းပေးမှု အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်ပြီး COVID-19 အတွက်လှူဒါန်းမှုနှင့်သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ သီတဂူဆရာတော်ကြီးက ကိုဗစ်ကာကွယ်ရေးအတွက်အလှူအဖြစ်ဖော်ပြနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားပါတယ်။ ဝက်ဘ်ဆိုဒ်နဲ့ဘလော့စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ နဲ့ဒီနေရာတွေမှာမျှ ဝေထားတာတွေ့ရပါတယ်။ […]

Continue Reading