Fact Check: စပိန်နိုင်ငံ M-45 လမ်းမကို သန်လျင်-ကျောက်တန်းလမ်းအဖြစ် မျှဝေနေ

၅ နှစ်အတွင်း NLD အစိုးရစွမ်းဆောင်ရည်များအဖြစ် အဝေးပြေးလမ်းမကြီးတွေကို စုစည်းဖော်ပြထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်တွေမှာ “US ဒေါ်လာ သန်းကိုးထောင်($9000)million ကျော် ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်လိုက်လို့ အမေရိကန်အစိုးရ အံ့ဩနေ”စသည်ဖြင့် အစချီရေးသားထားပြီး “၅ နှစ်သက် တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်းလမ်းမများ”လို့ရေးထိုးတာတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ သို့သော်လည်း “၅ နှစ်သက်တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်း လမ်းမများ” လို့ ရေးထိုးမျှဝေနေတဲ့ဓာတ်ပုံဟာ မြန်မာနိုင်ငံက သန်လျင်-ကျောက်တန်းလမ်းမဟုတ်ဘဲ စပိန်နိုင်ငံ M-45 လို့ခေါ်တဲ့လမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တာ တာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ တွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတာ တကယ်လား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုပြီး ရေးသားထားတဲ့ မိမိသေလွန်ပါက ခန္ဓာကိုလှူဒါန်းဖို့ အိမ်ကို ပြတိုက်အဖြစ်ထားဖို့ ပိုင်ဆိုင်သမျှကိုလည်း လှူဒါန်းဖို့စသဖြင့်ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ဖတ်ပြီးမျက်ရည်တောင်ကျတယ်..ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ……..(အလွန်လေးစားဂုဏ်ယူမိပါတယ် အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ) ချစ်မေမေဒေါ်စု ရဲ့သေတမ်းစာလေးကိုအားကြမိပါတယ်ခင်ဗျာ”လို့ အညွှန်းတပ်ထားပြီး “*ဘဝ ဟူသည် တိုတောင်း လှပေစွ. ကန်ရေပြင်၌ တက်သောရေပွက်မျှသာ ဖြစ်တယ်။* *ကွေးသောလက်များ ဆန့်မသွားမီ မတည်သော အသက်ခန္ဓာဟူသည် ဇာတိ ဇရာ မရဏ သောက ပရိဒေဝ အနိစ္စ အမြဲမှန်ကန်သောအရာ မမြဲခြင်းသာဖြစ်တယ်။”လို့ စသဖြင့်ရေးသားထားတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုပြီး ခေါင်းစဉ်တပ်ထားတာကိုတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြတာ တစုံတရာမတွေ့ရပါဘူး။ဒါ့ကြောင့် […]

Continue Reading

Fact Check: Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု

ရွှေတိဂုံစေတီပုံစံနောက်ခံဆလိုက်မီးနဲ့ ကကွက်တင်ဆက်မှုမှာ ဘုရားပုံရိပ်ကို ခြေထောက်နဲ့နင်းတယ်ဆိုပြီးတော့ ဝေဖန်ခံနေရပါတယ်။ ဒီလို အခြေအနေမှာ ဘုရားပုံရိပ်ကို ခြေနဲ့နင်းတဲ့ကိစ္စဟာ တီထွင်ဆန်းသစ်မှုပဲဖြစ်ပြီး တကယ်ဘုရားကို နင်းတာမျိုး မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီး ပို့စ်တွေ ပျံ့နှံလျက်ရှိပါတယ်။ ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Project K အဖွဲ့တွေ့ဆုံနေပုံ အပါအဝင် ဓာတ်ပုံ သုံးပုံနဲ့ အတူမျှဝေထားတာ ဖြစ်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ ဒီဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်း တွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က Project K ဘက်က ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ “ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို “သိမ့်သိမ့် စိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာ‌ကျော်ရှိခဲ့ပါတယ်။ ဒီနေရာနဲ့ […]

Continue Reading