Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး-ပုဂံ အမြန်ရထား စက်ခေါင်းလမ်း ချော်တိမ်းမှောက်မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 ဟာ ယမန်နေ့က တိမ်းမှောက်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ တယ်ဆိုတဲ့သတင်းတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  á€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇ ပို့စ်တွေမှာ မီးရထားစက်ခေါင်းလမ်းချော်နေပုံတွေနဲ့ “ယမန်နေ့ညက မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 နွားထိုးကြီးမြို့မရဲစခန်း၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ  ငှက်ပျောအိုင်ကျေးရွာအနီး မြောက်ဖက် တံတားအဝင် မတိုင်မီ မီးရထားမိုင်တိုင်အမှတ် (၃၉၈/၂၀/၂၂) ကြားမှာ နံနက် ၂ နာရီ ၅၅  မိနစ် အချိန်တွင် စက်ခေါင်းခန်း လမ်းချော်သွားခဲ့ပါသည်”စသည်ဖြင့် အစချီရေးသားထားပြီး ရထားစက်ခေါင်းချော်မှု ကြောင့် ခရီးသည်တွဲများမထိခိုက်စေရေးအတွက် ရထားခေါင်းတွဲနဲ့ ခရီးသည်စီးတွဲတွေ တိမ်းမှောက်မဖြစ်စေရန် သက်စွန့်ကြိုးပမ်းဆောင်ရွက်သွားခဲ့တဲ့  လက်ထောက်စက်ခေါင်းမောင်းကိုကျော်ကျော်ဦးအကြောင်း လည်းပါဝင် ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၀ […]

Continue Reading

Fact Check: ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာကသေဆုံးသူရဲ့နာရေး အဖြစ် ဖြန့်ဝေတဲ့ ဓာတ်ပုံအမှား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ကာဘိုးရွာက  ပြည်ခိုင်ဖြိုးပါတီနဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူရဲ့ နောက်ဆုံးခရီးလို့ရေးသားပြီး NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ အခမ်းအနားဓာတ်ပုံတစ်ခုကို လူမှုကွန်ယက်မှာမျှဝေလျက်ရှိတာတွေ့ရပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇ ဓာတ်ပုံနှင့်အတူ ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာက ဆုံးပါးသွားခဲ့ရတဲ့ သူတစ်ဉီးရဲ့ နောက်ဆုံးခရီးလို့ ရေးသားထားတာတွေ့ရပြီး အသုဘထမ်းစင်နှင့် ခေါင်းမှာ ပတ်တီးစည်းနဲ့ ဆေးသွင်းနေရသူ တစ်ဉီးရဲ့ ပုံပါဝင်ပါတယ်။ ကာဘိုးရွာက အသုဘအခမ်းအနား အဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ အောက်တိုဘာ ၇ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ကာဘိုးရွာက ဝိုင်းဝန်းရိုက်နှက်ခံရတဲ့သူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေနဲ့ အတူ “#RIP ပါညီလေးရေ…မင်းဟာ ဒီမိုကရေစီအတွက် သမိုင်းဝင်ရဲဘော်တစ်ယောက်ပါ။ အလေးပြုပါတယ်။ ကြံ့ခိုင်ရေးလူသတ်ပါတီရဲ့ လက်ချက်ကြောင့် ဆုံးပါသွားရတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားကို သာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်၊ အထူးကိုးကွယ်နေစရာ မလိုဘူးလို့ ပြောခဲ့သလား

ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အထူးအလေးထား ကိုးကွယ်နေစရာမလိုဘူးလို့  ပြောကြားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်နေ စရာမလိုဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ် ပါတယ်။ ဒီလိုအလားတူမျှဝေချက်တွေကို ဒီနေရာ ၊ဒီနေရာ ဒီနေရာနဲ့ ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားတာ တွေ့ရပါတယ်။ tenor အပါအဝင်အခြားသော gif ပလက်ဖောင်းများတွေမှာလည်း အလားသဏ္ဌာန်တူ ပျံ့နှံ့လျက်ရှိတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီး အထောက်အထားမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ စာပေအသိုင်းအဝိုင်း၊နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကို မေးမြန်းအတည်ပြုရာမှာလည်း ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်လို့ သတင်းမှားဖြန့်

သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်ဆိုပြီး မျှဝေလျက်ရှိတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ပြုပြင်ပြောင်းလဲရေးနိုဗယ်ဆု ပူပူနွေးနွေးရရှိလိုက်တဲ့ သမ္မတဟောင်းဦးသိန်းစိန်” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်နိုင်ခဲ့မှုနဲ့  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်  ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က  ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။  ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး  နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို  ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်  အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ […]

Continue Reading

Fact Check: DKBAတပ်ဖွဲ့ဝင်တွေက NLD ပါတီကို ထောက်ခံတယ်ဆိုတဲ့ ဓာတ်ပုံအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBAတပ်ဖွဲ့ဝင်တွေက ထောက်ခံကြောင်းပြသတယ်ဆိုတဲ့ ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ပြည်သူ့စစ်သားက သူပုန်ဖြစ် သူပုန်က ပြည်သူ့စစ်သားဖြစ်မတတ္နိူင္ဘူး…..ရင္ထဲက ခ်စ္တာကို NLD ကို အားပေးထောက်ခံကြောင်း DKBA ဒီမိုကရေစီ အကျိုးပြု့ ကရင်တပ်မတော် စစ်သည်တော်များ ဖော်ပြသ….. Crd”(မူရင်းအရေးသားတိုင်း)လို့ ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုထားတဲ့ပုံကို သေချာဂရုတစိုက်ကြည့်မယ်ဆိုရင် ပုံထဲကစစ်သားတွေရဲ့ ယူနီဖောင်းတတ်စုံက DKBAတပ်ဖွဲဝင်တွေရဲ့ ယူနီဖောင်းချင်းမတူတာကို သတိပြုမှာဖြစ်ပြီး ဒီပုံကလည်း Photoshopနည်းပညာနဲ့ ပြုပြင်ထားတာကို သိပြုမိမှာပါ။ ဒီပုံကို Googleမှာ ပုံရှာနည်းနဲ့ ရှာကြည့်မယ်ဆိုရင် Zhejiang […]

Continue Reading

Fact Check: ခြင်္သေ့ခေါင်းပုံတပ် စေတီအဖြစ်မျှဝေနေတဲ့ သတင်းမှား

ထီးတော်အစား ခြင်္သေ့ခေါင်းပုံနဲ့တည်ဆောက်ထားတဲ့ စေတီအဖြစ်မျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ မိတ္ထီလာနယ် ကတ္ထူကံသိမ်ဝင်း မိုင်တိုင်အမှတ် ၂၈၇/၁ မှာရှိတဲ့ ခြင်္သေ့ခေါင်းတပ်​ထားတဲ့ စေတီလို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပုံစံနဲ့စေတီဟာ မူလကတည်းက နဂါးခေါင်းပုံစေတီဖြစ်ပြီး ဒီပုံစံအတိုင်း စေတီအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ အလှူရှင်က ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင့်ခ် –  Fb link |  Archive link  အချက်အလက်စိစစ်ချက် မိတ္တီလာမြို့နယ် အမြန်လမ်းမဘေး မိုင်တိုင် ၂၈၇/၁ မှာရှိတဲ့  ဒီစေတီကို […]

Continue Reading

Fact Check: တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်တဲ့ သတင်းဟာ မဟုတ်ပါ

ရွေးကောက်ပွဲမှာ အဖျက်အမှောက်လုပ်ဖို့ တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇ ပို့စ်မှာ  မင်္ဂလာစျေးကနေ တီရှပ်အနီ သိန်းခြောက်ထောင် ကျော်ဖိုး ၀ယ်ယူသွားတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ကရခဲ့တာဖြစ်ပြီး သံသယဖြစ်ဖွယ်ဖြစ်နေလို့ မင်္ဂလာစျေးသူစျေးသားများ ကဒီသတင်း ကိုပေးကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ရွေးကောက်ပွဲနေ့ကျရင် ဒီလို အင်္ကျီတွေဝတ်ပြီး ကိုယ်စားလှယ် တွေကို ရွေးကောက်ပွဲဉပဒေအရ အရေးယူခံရအောင်ပြီး ဖြုတ်ချခံရအောင်လုပ်လာနိုင် တယ်လို့လည်း ရေးသားထားတာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်ဟာ ၂၀၁၅ ခုနှစ်မှာလည်း ဒီလို အလားသဏ္ဏာန်တူ မျှဝေခဲ့ဖူးပြီး ဒီအချက် အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း […]

Continue Reading

Fact Check: AAခေါင်းဆောင်နဲ့ တပ်မတော်ကာ/ချုပ်ဇနီးနဲ့ မောင်နှမဝမ်းကွဲ တော်စပ်တယ်ဆိုတဲ့ သတင်းအမှား

ရက္ခိုင့်တပ်တော် AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ကြူကြူလှနဲ့ မောင်နှမဝမ်းကွဲတော်စပ်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပို့စ်တင်နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သင့်သိပါသလာ ကာချုပ်မိန်မနဲ. ရခိုင်သူပုန်း ခေါင်ဆောင်ထွန်မြက်နိုင်ဟာ မောင်နှမဝမ်းကွဲတော်တယ်ဆိုတာ”လို့ ရေးသားထားတာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားထားတာနဲ့ပတ်သက်ပြီး ဆန်းစစ်မယ်ဆိုရင် ဒေါ်ကြူကြူလှက ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ သံတွဲမြို့ဇာတိဖြစ်ပြီး AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသဖြစ်တဲ့ စစ်တွေမြို့ဇာတိဖြစ်တာကို တွေ့ရပါတယ်။ Fact Crescendo Myanmarက တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကို ဖုန်းနဲ့ ဆက််သွယ်မေးမြန်းရမှာတော့ “မတော်လောက်ဘူးထင်တယ်၊ သံတွဲနဲ့ စစ်တွေဆိုတော့၊ သတင်းအမှားဖြစ်မှာပါ၊ အဲ့လို့သတင်းအမှား ကျွန်တော်ထင်တယ် လွန်ခဲ့တဲ့ နှစ်လလောက်တော့ ရှိပြီထင်တယ်၊ ဒေါ်ကြူကြူလှက AAကိုထောက်ပံ့လို့ ဖမ်းသွားပြီဆိုတာမျိုးတွေပေါ့၊ […]

Continue Reading

Fact Check: မြိုင်မြို့နယ်က NLD အောင်နိုင်ရေး ဆိုင်ဘုတ်တစ်ခုကို ဒီဂျစ်တယ် နည်းလမ်းနဲ့အသုံးပြုပြီး အမှားဖြန့်ဝေ

ရွေးကောက်ပွဲအတွက် စိုက်ထူတဲ့ NLD ဆိုင်းဘုတ်တစ်ခုရဲ့ စာသားတွင် ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ပြောင်းလဲရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ သတင်းမှားဖြန့်ဝေလျှက်ရှိတာကို တွေ့ရပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇá€•á€­á€Żá€ˇá€…á€ş ဓာတ်ပုံထဲက စာသားမှာ “လူကို ခွေးလိုအုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကိုမဲပေးစို့”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံနဲ့အတူ “ကျွန်သဘောက်မကြီး   SHOWလိုက်ပါအုံး အမေ့သားတွေနော် ဘာမှတ်လည်း #ဖျားသွားမယ် #လူညံ့တွေတင်မြှောက်လိုက်တဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်မဖြစ်ပဲ #လူညံ့ဦးဆောင်သူအဖြစ်သာတွေ့ရမှာ  *ဆိုင်းဘုတ်သက်သေ* !:.” $%& /? *ဆောင်*တော့တူပါရဲ့ *ခေါင်းနဲ့ ဦး*ကွာသွားတာ”လို့ “Aung Htun Linn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာမှာလည်း အလားတူဓာတ်ပုံကို မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: တကျော့ပြန်လာတဲ့ ဂျိုးဖစ်ရှာနဲ့ NLD သတင်းမှား

ရွေးကောက်ပွဲမှာ မဲလိမ်လည်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် လက်ထောက် ဂျိုးဖစ်ရှာကလုပ်နေတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇ ဓာတ်ပုံပို့စ်မှာ ပြည်နယ်နှင့်တိုင်းအလိုက် USDP၊ NLD နဲ့တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ ထောက်ခံမှုရာခိုင်နှုန်းများနှင့်အတူ “UEC နဲ့ပေါင်းပြီးမဲလိမ်ဖို့ ကွပ်ကဲနေတဲ့ ဒေါ်စုလက်ထောက် MI-6 ထောက်လှမ်းရေး ဂျိုးဖစ်ရှာဆီပို့လိုက်ပါပြီ”၊ ““ရှုံးမဲ့တိုင်းရင်းသားပြည်နယ် 7 ခုလုံးမှာ COVD; မငြိမ်းချမ်းနယ်မြေ သတ်မှတ်ပြီး ပယ်ဖျက်ပါတော့မယ်”စတဲ့ ပြောဆိုရေးသားချက်တွေပါဝင်ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ၁ ထောင်ကျော်က ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ မူရင်းလင့်ခ် –  Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီလိုရေးသားမျှ ဝေနေတဲ့ပို့စ်ဟာ အထောက်အထားတစ်စုံတစ်ရာအပေါ်မှာအခြေခံထားခြင်းမရှိပါဘူး။ အခုလိုမျှဝေထားတဲ့ပို့စ်မှာ ဘာတွေမှားယွင်းနေသလဲကြည့်ရအောင်ပါ။ […]

Continue Reading