Fact Check: ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာကသေဆုံးသူရဲ့နာရေး အဖြစ် ဖြန့်ဝေတဲ့ ဓာတ်ပုံအမှား

False လူမှုရေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ကာဘိုးရွာက  ပြည်ခိုင်ဖြိုးပါတီနဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူရဲ့ နောက်ဆုံးခရီးလို့ရေးသားပြီး NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ အခမ်းအနားဓာတ်ပုံတစ်ခုကို လူမှုကွန်ယက်မှာမျှဝေလျက်ရှိတာတွေ့ရပါတယ်။

 ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံနှင့်အတူ ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာက ဆုံးပါးသွားခဲ့ရတဲ့ သူတစ်ဉီးရဲ့ နောက်ဆုံးခရီးလို့ ရေးသားထားတာတွေ့ရပြီး အသုဘထမ်းစင်နှင့် ခေါင်းမှာ ပတ်တီးစည်းနဲ့ ဆေးသွင်းနေရသူ တစ်ဉီးရဲ့ ပုံပါဝင်ပါတယ်။

ကာဘိုးရွာက အသုဘအခမ်းအနား အဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ အောက်တိုဘာ ၇ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ကာဘိုးရွာက ဝိုင်းဝန်းရိုက်နှက်ခံရတဲ့သူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေနဲ့ အတူ “#RIP ပါညီလေးရေ…မင်းဟာ ဒီမိုကရေစီအတွက် သမိုင်းဝင်ရဲဘော်တစ်ယောက်ပါ။ အလေးပြုပါတယ်။ ကြံ့ခိုင်ရေးလူသတ်ပါတီရဲ့ လက်ချက်ကြောင့် ဆုံးပါသွားရတဲ့ ကာဘိုးရွာကညီလေးရဲ့ နောက်ဆုံးခရီး လူသတ်ပါတီအလိုမရှိလို့မန့်ပေးကြပါ။”လို့ ရေးသားပြီး အောက်တိုဘာ ၂၅ ရက်က အောက်ပါ အတိုင်း မျှဝေထားပါတယ်။ ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း အလားတူဓာတ်ပုံကို မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အခုလို ကာဘိုးရွာက ရွေးကောက်ပွဲစည်းရုံးစဉ်မှာ အရိုက်ခံရလို့ သေဆုံးခဲ့ရသူရဲ့ နာရေးအဖြစ် မျှဝေနေတဲ့ ဒီဓာတ်ပုံဟာ အောက်တိုဘာ ပထမပတ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှာ ပြည်ခိုင်ဖြိုးမဲဆွယ်ယာဉ်တန်းနဲ့ ပဋိပက္ခ အတွင်းမှာ ဝိုင်းဝန်းရိုက်နှက်ခံရသူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်သွားခဲ့တာတွေ့ရပါတယ်။ 

မူရင်းလင့်ခ် –  Fb linkArchive link 

အောက်တိုဘာ ၂၂ ရက်က ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးရေးယာဉ်တန်းဖြင့် ဝန်းရံသူများနှင့် ဒေသခံများအကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ နေအိမ်၊ ဆိုင်ကယ်နဲ့ စစ်ဆေးရေးဂိတ်မှ ပစ္စည်းများဖျက်ဆီးခံရပြီး NLD အင်္ကျီဝတ် ဆင်ထားသူ လူဦးတစ်သေဆုံးခဲ့ရတဲ့ သတင်းကို ဒီနေရာနဲ့ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

 “ဘဲဥပုပ် -SML”မျှဝေထားတဲ့ အောက်တိုဘာ ၂၅ ရက်က ပုံ(ဘယ်)နဲ့ အောက်တိုဘာ ၇ ရက်က ပျံ့နှံ့ခဲ့တဲ့ပုံ(ညာ) ကို အောက်ပါ အတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ပျံ့နှံ့လျက်ရှိတဲ့ NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ ဓာတ်ပုံဟာ ကာဘိုးရွာက ရွေးကောက်ပွဲစည်းရုံးစဉ်မှာ အရိုက်ခံရလို့ သေဆုံးခဲ့ရသူရဲ့ နာရေးနဲ့သက်ဆိုင်ခြင်း မရှိတာတွေ့ရပါတယ်။

Avatar

Title:ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာကသေဆုံးသူရဲ့နာရေး အဖြစ် ဖြန့်ဝေတဲ့ ဓာတ်ပုံအမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published.