Fact Check: လုံခြုံရေးအပြည့်ချပြီး UEC ကို ရွေးကောက်ပွဲ မသမာမူအတွက် စစ်ဆေးနေပြီဆိုတဲ့သတင်းတုသတင်းမှား
လုံခြုံရေးအပြည့်ချပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ရွေးကောက်ပွဲမသမာမူအတွက် စစ်ဆေးနေပြီလို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို နိုဝင်ဝင်ဘာ ၁၆ ရက်က လူမှုကွန်ယက်အသုံးပြုသူ အချို့ ကမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေသူ ထောင်ဂဏန်းရှိခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ အဓိကရုဏ်းနှိမ်နှင်းရေးကား၊ ရဲတပ်ဖွဲ့ဝင်တွေ အသင့်အနေအထားနဲ့ ဓာတ်ပုံ သုံးပုံပါဝင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမသမာမှုကို ရဲတပ်ဖွဲ့ လုံခြုံရေးချပြီး စတင်စစ်ဆေးပြီဖြစ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးမခြင်း အနိုင်အရှုံး တရားဝင် ကြေငြာခြင်းပြုမည်မဟုတ်ကြောင်း ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဒီရေးသားမျှဝေချက်ဟာ သတင်းတုဖြစ်ပြီး ဓာတ်ပုံထဲမှာပါတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ရဲကားတွေဟာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရှေ့ ဆန္ဒပြစဉ်က ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးစဉ်က ဖြစ်တာကို Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီအသီးသီးရဲ့ ရွေးကောက်ပွဲရလာဒ်ကို ကြေညာပြီးဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း […]
Continue Reading