Fact Check: ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်

လာမည့် နှစ်ပတ်အတွင်း အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လာတာအုပ်ချုပ်မယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ ရပါတယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့အထိ ၂ လတာအုပ်ချုပ် မယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ….. ပြင်ထားပေတော့ !!! UEC..ရေ ၁-၁-၂၀၂၁- အစိုးရသက်တမ်းကုန် ပြီ […]

Continue Reading

Fact Check: နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဆီကနေ NLD မြို့နယ် အလုပ်အမှုဆောင်က ဆက်ကြေးကောက်တယ်လို့ သတင်းမှားထပ်မံဖြန့်ဝေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးဆီကနေ  နာဂလက်နက်ကိုင်အဖွဲ့ NSCN(K) အတွက် ကျပ် သိန်း ၇၅၀ ကို ဆက်ကြေးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အလုပ်မှုဆောင်တစ်ဦးက တောင်းယူခဲ့ တယ်ဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့ တာတွေ့ရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာစတင်ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ) ညီအောင်းဟာ NSCN(K)အဖွဲ့ရဲ့ စေခိုင်းချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့  ဒီဇင်ဘာ ၁ ရက်နေ့က ရောက်ရှိလာပြီး ဆက်ကြေး သိန်း ၇၅၀ တောင်းခံ သွားတယ်လို့ ရေးသားထားပြီး NCSN(K)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်ကလည်း ဒီသတင်းကို အတည်ပြုတယ်လို့ ရေးသားမျှဝေထားတာဖြစ် ပါတယ်။ ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သတင်းပုံစံနဲ့ […]

Continue Reading

Fact Check: ၂၀၀၂ ခုနှစ်က မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ရဟတ်ယာဉ် ပျက်ကျ သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်ကရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ဘင်္ဂလားဒေ့ရှ်တပ်သား ၄ဦးသေဆုံးတယ်တဲ့ပို့စ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုတွေကြား ပျံ့နှံ့နေတာတွေရပါတယ်။ ဒီလိုရေးသာနေတဲ့ပို့စ်မှာ ပျက်ဆီးနေတဲ့ရဟတ်ယာဉ်ကိုယ်ထည်အပိုင်းအစတွေအနီးမှာ စစ်သည်တချို့ လုံခြုံရေးယူနေပုံ ကြည်ရှု့စစ်ဆေးနေပုံနဲ့အတူ ပုံအညွှန်းကို “ဒီနေ့ ဘကုန်းတပ်က ရဟတ်ယာဉ်တစ်စီး မြန်မာပိုင်နယ်စပ်အနား ခိုးကြောင်ခိုးဝှက်ကပ်လာတာ မြန်မာဘက်ကသိတော့ အတင်းပြန်မောင်းပြေးတာ TV tower နဲ့ငြိမိပြီးပျက်ကျပါလေရော… (၄)ကောင် မိုးမျှော်သွား သတဲ့…..”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းပို့စ်ကိုတော့ အောက်ကပါလင့်ခ်မှာလေ့လာကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင့်ခ် – FB Link  |   Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးမျှဝေနေကြတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေမှာပါ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့်ဒီပို့စ်မှာအသုံပြုထားတဲ့ပုံတွေကို Google ပုံရှာနည်းနဲ့ရှာဖွေရာမှာတော့ ဒီပုံတွေဟာ […]

Continue Reading

Fact Check: မှော်ဘီမှာတွေ့ရတဲ့ ကံကောင်းစေတဲ့မြွေတွေအဖြစ် သတင်းမှား ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ တောင်သူတစ်ဦးရဲ့ သပြေပင်မှာ တွေ့ရတဲ့ ကံကောင်းစေတဲ့ မြွေတွေလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်း များစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မရှာဘိကျေးရွာက ဟင်းသီးဟင်းရွက်စိုက်တောင်သူ ဦးကွယ်လွယ်ထူးရဲ့ စိုက်ခင်းအတွင်းရှိ သပြေပင်မှာ တွေ့ရ တာဖြစ်ပြီး မြွေတွေဟာ ဘယ်ကရောက်လာမှန်းမသိကြောင်းနဲ့ ဇနီးက နွားနို့ နေ့တိုင်းတိုက်ပြီးနောက် ထီ သိန်း ၁ သောင်းဆုပေါက်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက် တောင်သူ ဦးကွယ်လွယ်ထူး၏ စိုက်ခင်းအတွင်းရှိ သပြေပင်တွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း အစိမ်းရောင် မြွေများအုပ်စုလိုက် လာရောက်နေထိုင်ကြကြောင်းတွေ့ရှိရစဉ်။ […]

Continue Reading

Fact Check: ညနေပိုင်းရေချိုးရင် ကိုဗစ်နိုင်တင်းဖြစ်တယ်ဆိုပြီး သတင်းမှား မျှဝေနေ

ကိုဗစ်နိုင်တင်းရောဂေါဖြစ်သူတိုင်းဟာ ညနေပိုင်းမှာ ရေချိုးတာကနေဖြစ်တယ်လို့ ရေးသားလျက်မျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေခဲ့ကြာပါတယ်။ ဖျားပြီး ကိုဗစ်နိုင်တင်းဖြစ်သူတိုင်းဟာ ညနေဘက်ရေချိုးရာကဖြစ်တာကို လေ့လာတွေ့ရှိရပြီး ညနေ နေဝင်ပြီးနောက်ပိုင်း ရေမချိုးကြဖို့တိုက်တွန်းတယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို “တီ တီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဇင်ဘာ ၁၄ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၇ ထောင်ကျော်က ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနစတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာလည်း ကိုဗစ်နိုင်တင်းဖြစ်တဲ့သူတွေဟာ ညနေပိုင်းရေချိုးလို့ဖြစ်တယ်လို့ ဖော်ပြချက် မရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်းကူးစက်ခံမှုနည်းလမ်းများကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ […]

Continue Reading

Fact Check: အစည်းအဝေးလာတက်တဲ့ NLD နာယက ဦးဝင်းထိန် အစည်းအဝေးတက်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ သတင်းမှားဖြန့်ဝေ

ဗဟိုအလုပ်အမှူဆောင်အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကြီးကို ရုံးအဖွဲ့က ဖိတ်ကြားခဲ့ပေမဲ့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေးမတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ် အမှုဆောင်အစည်းဝေးကို NLD နာယက ဦးဝင်းထိန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့ပေမဲ့ တကယ်တမ်းသွား ချိန်မှာတော့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေး မတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။ တကယ်တော့  ဒီလိုမျှဝေနေတဲ့ အချက်ဟာ သတင်းတု သတင်းမှားဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရပါတယ်။  á€œá€°á€™á€žá€Żá€€á€˝á€”်ယက်ဥသုလးပဟုသူတွ္ နားလည်မှုလွဲမှားစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “NLD – CEC […]

Continue Reading

Fact Check: FB Messenger ယာယီပြတ်တောက်မှုဖြစ်စဉ်အပြီး နားလည်းမှု လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေပျံ့နှံ့ခဲ့

ဒီဇင်ဘာ ၁၀ ရက်က  လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ နားလည်းမှုလွဲမှာစေနိုင်တဲ့ အကြောင်းအရာ တွေပျံ့နှံ့ခဲ့တာကို  Fact Crescendo Myanmar က သတိပြုမိပါတယ်။ အများအပြားပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာကတော့ Facebook မှ messenger ကို ဖျက်သိမ်းတော့မည် ဟု CEO ဖြစ်သူ Mark Zuckerberg ပြောဆိုပြီး လူမှုကွန်ယက်မှာ ရေးသားမျှနေတာဖြစ်ပြီး အများအပြားက ဟာသအဖြစ် နားလည်ပြီး “Ha Ha” စိတ်ခံစားမှုကို ပေးခဲ့ကြပြီး အမြောက်အများ အပျော်အပျက် မှတ်ချက်ပြန်လည်ရေးသား ကြတာတွေ့ရပေမဲ့ အချို့သော လူမှုကွန်ယက်အသုံးပြုသူတွေအတွက် ဟာသအဖြစ် နားလည်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။  အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေ ထားတဲ့ ပို့စ်တွေမှာ အများအပြားက ဟာသအဖြစ် […]

Continue Reading

Fact Check: သရုပ်ဆောင်ဗေလုဝ ကွယ်လွန်သတင်းမှားပျံ့နှံ့ခဲ့

ဟာသသရုပ်ဆောင် ဗေလုဝကွယ်လွန်ဆိုပြီး သတင်းမှားတစ်ခု ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါ တယ်။ “အနုပညာလောက ကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်တဲ့ စစ်သူ​ကြီး ဗေလုဝ  crd Lwin Moe”လို့ ရေးသားပြီး “‎Phyo‎”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ပြည်မြန်မာသတင်းဌာနကလည်း သရုပ်ဆောင်လွင်မိုးရဲ့ ဖေ့စ်ဘွတ်စတေ့တပ်ကို ကိုးကားပြီး ဗေလုဝကွယ်လွန်ဆို တဲ့ သတင်းကို မျှဝေခဲ့တာတွေ့ရပါတယ်။ ​ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် သရုပ်ဆောင်ဗေလုဝ ကွယ်လွန်သတင်းများမှာ မဟုတ်မှန်ဘဲ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ၎င်းဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။  â€œá€Ąá€á€Żá€œá€Šá€şá€¸ အဲဒါပဲဖြေနေရတယ်။ မဟုတ်ပါဘူး။ ကောလာဟလပါ။ […]

Continue Reading

Fact Check: တပ်မတော်ရဲ့စစ်လက်နက်ဝယ်ယူတဲ့ဘတ်ဂျက်ကို စစ်ဆေးခွင်ရှိရင် UECက မဲစာရွက်စာတမ်းတွေပြမယ်ဆိုတဲ့ သတင်းအမှား

တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချပြမယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌဦးလှသိန်းက ပြောတဲ့ပုံစံမျိုးရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူတွေကြား မျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေနေကြတဲ့ပို့စ်မှာ “ကဲမှတ်ကရော UEC က စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲစာရွက်စာတန်းများကို ချပြပါမယ်တဲ့ဗျာ ကဲရှင်းရော့ Crd #”လို့ရေးသားပြီး UEC ဥက္ကဌဦးလှသိန်းပုံနဲ့ ရေးသားမျှဝေနေကြတာပါ။အောက်ပါလင့်ခ်မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချမယ်ဆိုပြီး ဒီလိုမျိုးရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး ဒါဟာသတင်းအမှား ဖြစ်ကြောင်းကို UECက ဒီဇင်ဘာ ၁၁ရက်နေ့က UECရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာထုတ်ပြန်ကြေငြာထားတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ […]

Continue Reading

Fact Check: – မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘိမ်းတမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင်မထားသူ သို့မဟုတ် အထောက်အထားမရှိသူ (၃)သိန်း နီးပါးကို မဲပေးခွင့်ပြုခဲ့တယ်လို့ ရေးသားလျက် ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ Radio Free Myanmar လို့ အမှတ်တံဆိပ်တပ်လျက် ရေးသားမျှဝေထားတဲ့ ဒီပို့စ်မှာ မဘိမ်းမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင် သို့မဟုတ် အထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ပြီး  ဒီဖြစ်စဉ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအား နိုင်ငံတော်အချုပ်အခြာ အာဏာကို မတရားသောနည်းဖြင့် ရယူနိုင်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကပြုလုပ်ပေးခဲ့တဲ့ ရာဇဝတ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ မဘိမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပေးပိုင်ခွင့်ရှိ သူ  ၃ သောင်းကျော်ပဲရှိပြီး ၂ သောင်း […]

Continue Reading