Fact Check: ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်
လာမည့် နှစ်ပတ်အတွင်း အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လာတာအုပ်ချုပ်မယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ ရပါတယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့အထိ ၂ လတာအုပ်ချုပ် မယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။ “ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ….. ပြင်ထားပေတော့ !!! UEC..ရေ ၁-၁-၂၀၂၁- အစိုးရသက်တမ်းကုန် ပြီ […]
Continue Reading
