Fact Check: နေပြည်တော်က တပ်ထောက်ခံပွဲပုံကို အခြားသောမြို့နယ်တွေ မှာလုပ်တဲ့ပွဲအဖြစ်ဖော်ပြ
ကန့်ဘလူမြို့ရဲ့ သောင်းနဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေထားရာ ဒီပို့စ်ကို ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာနေပြည်တော် တပ်ထောက်ခံပွဲပုံတွေဖြစ်ပါတယ်။ “ထင်မှတ် မထားရအောင် များပြားလားတဲ့ ကန့်ဘလူမြို့ရဲ့ သောင်း နဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများ ၏ ပုံရိပ်တချို့”လို့ ရေးသားပြီး “Ko Zaw Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၂ ရက်မှာမျှဝေထား ရာမှာ ပြန်လည်မျှဝေသူ ၂ ထောင်ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံဟာ ဖေဖော်ဝါရီ ၄ ရက်က နေပြည်တော်မှာ တပ်မတော်ထောက်ခံပွဲအဖြစ်ဖော်ပြထားပါတယ်။ Mizzima သတင်းဌာနက တွစ်တာစာမျက်နှာမှာ “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး […]
Continue Reading