Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ
အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန် မြန်မာပြည်သူနဲ့ ရပ်တည် 💗 ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]
Continue Reading