Fact Check: ဒီဗွီဒီယိုတွေက Gen Z တွေ သင်တန်းဆင်းပုံမဟုတ်ပါ

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့တဲ့ လူငယ်တွေရဲ့ စစ်သင်တန်းဆင်းပွဲအဖြစ် ပျောက်ကျား စစ်ဝတ်စုံနဲ့ စီးတန်းလမ်းလျှောက်၊ လက်မှတ်ပေးအပ်မှုမြင်ကွင်းတွေပါတဲ့ ဗွီဒီယိုတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ လူငယ်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်တွေဟာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ စစ်သင်တန်းတွေ တက်ရောက်နေချိန်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့အကြောင်းအရာတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။  “GZ လေးတွေရဲပထမအသုတ် စစ်သင်တန်းဆင်းပွဲ GZ လေးတွေက ပြုံးလို ပျော်လို့စလိုနောက်လိုပေါ့” လို့ရေးသားပြီး “P&W Songs”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်နက်ကိုင် ပျောက်ကျားဝတ်စုံနဲ့ စစ်သားတွေ အမျိုးသမီးများက ကြိုဆိုေနဟန်ရိုက်ကူထားတဲ့ ဗွီဒီယိုကို မေ ၁၀ ရက်ကမျှဝေခဲ့ရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှ ဝေသူ ၂ သောင်း ၃ ထောင်ရှိခဲ့ပြီး […]

Continue Reading

Fact Check: ဂျိုးဖြူရေပိုက်လိုင်းပေါက်တာကို ဆန္ဒပြသူတွေဖောက်တာဆိုပြီး ပြန်လည်ဖြန့်ဝေ

ဆန္ဒပြသူတွေက ဂျိုးဖြူရေပိုက်လိုင်းဖောက်လိုက်တာလို့ ရေးသားပြီးပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တစ်လကျော်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့သာဖော်ပြထားပြီး ဆန္ဒပြသူတွေ က လုပ်ဆောင် တယ်ဆိုတဲ့ ဖော်ပြချက်မျိုးမတွေ့ရပါဘူး။  “#ဂျိုးဖြူရေပိုက်လိုင်းကွဲသွားတယ်… ဒါဟာ ဆန္ဒပြတာမဟုတ်တောပါဘူး…  ဖျက်ဆီးနေလို့ခေါ်ပါတယ်…”စသည်ဖြင့်ရေးသားပြီး “ခန့်သူရ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Water Resources and Water Supply Authority, YCDC အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဧပြီ ၇ ရက်က “ရန်ကုန်ရေချစ်သူများသို့”စသည်ဖြင့် အစချီရေးသားပြီး ဓာတ်ပုံ ၁၀ […]

Continue Reading

Fact Check: ဓာတ်ပုံဟောင်းများကို အသုံးပြုပြီး မင်းတပ်မြို့အခြေအနေအဖြစ်မျှဝေနေ

စစ်တပ်က စစ်ဆင်ရေးလုပ်ပြီးနောက် ဆိုးရွားလာတဲ့အခြေအနေအဖြစ် တဲအိမ်တွေမီးလောင်နေပြီး တောင်ကုန်း တွေပြာကျနေတဲ့ ဓာတ်ပုံတွေနဲ့အတူ ဖေ့စ်ဘွတ်ပို့စ်မှာ ပြန်လည်မျှဝေလျှက်ရှိပါတယ်။ မင်းတပ်မှာ မေ ၁၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လူ့အခွင့်အရေး အခြေအနေဆိုးရွားခဲ့ပြီး အမျိုးသားညီညွှတ်ရေး အစိုးရအပါအဝင် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက စစ်အုပ်စုကို ထုတ်ပြန်ရှုတ်ချခဲ့ရပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ ချင်းပြည်နယ်မင်းတပ်မြို့နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ နှစ်များအတွင်း ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲအဖြစ်အပျက်များဖြစ်ပါတယ်။  “မင်းတပ်မြို့ပါတော်တော်ကိုအခြေအနေဆိုးနေပါပီ upပေးကြပါ please”လို့ရေးသားပြီး “Thar Chit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက  မေ ၁၈ ရက်ကမျှဝေထားပါတယ်။အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ကရင်ပြည်နယ်မှာ စစ်တပ်က ထိုးစစ်ဆင်ပြီးနောက် မီးလောင်ကျွမ်းမှုအများအဖြစ် မတ်လ ၃၀ ရက်က […]

Continue Reading

Fact Check: ကယားမှာပစ်ချခံရတဲ့ ရဟတ်ယာဉ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

ကယားမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုအဖြစ် ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ကယားမှာ တင့်ကား ၂ စီးကို ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဖျက်ဆီးခဲ့ပြီး နောက်မှာ အခုလို ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ရေးသားမျှဝေ နေတာ ဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမောဆိုမှာ တင့်ကား ၂ စီးကို KPDFက ဖျက်ဆီးခဲ့တဲ့ သတင်းကို Khit Thit Media ရဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။ သို့သော် ယခုရက်ပိုင်းအတွင်း ကယားဘက်မှာ ရဟတ်ယာဉ်ပစ်ခံရတယ်ဆိုတဲ့ သတင်းမျိုး လွတ်လပ်သော မီဒီယာတွေမှာ ရေးသားဖော်ပြချက် မတွေ့ရပါဘူး။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  “ယို့..ယို့..ယိုး ကယားပြည်နယ်လေးက မနေ့က tink ကားနှစ်စီး ဒီနေ့..helicopter တစ်စီး လေးစားပြီလေ 👌👌👌 […]

Continue Reading

Fact Check: မြန်မာမှာ သတ္တုတူးတဲ့ ဝမ်ပေါင်ကုမ္ပဏီ တရုတ်မှာ မီးလောင်ဆိုတဲ့ သတင်းမှား

တရုတ်မှာ ဝမ်ပေါင်(Wanbao)ကုမ္ပဏီပိုင်စက်ရုံမီးလောင်တာ ၂ ရက်ဆိုက်တိုက်ရှိပြီလို့ရေးသားပြီး မီးလောင် နေတဲ့ ရေနံဓာတုစက်ရုံတစ်ခုကို မီးသတ်ကားတွေ မီးငြှိမ်းသတ်နေပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ သတ္တုတူးဖော်တဲ့ အငြင်းပွားဖွယ်ရာတရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါ တယ်။ သို့သော် ဓာတ်ပုံတွေဟာ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မီးလောင်တဲ့စက်ရုံဟာလည်း ဝမ်ပေါင်ကုမ္ပဏီပိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။  “လရောင် တော” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “လက်ပံတောင်းမှာ သံဃာတော်တွေကို ဓာတုပစ္စည်းမီးလောင်ဗုံးနဲ့ပစ် လယ်တီသိမ်တော်ကို ဖျက်စီးခဲ့တဲ့အကျိုးကျေးဇူး တရုတ်ပြည်က ဝမ်ပေါင်ကုမ္ပဏီရဲ့ ဓာတုစက်ရုံမီးလောင်တာ နှစ်ရက်ရှိပြီတဲ့ မပြီးသေးဘူးတဲ့”စသည့်ဖြင့် ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ တင့်ကားတွေလား-မဟုတ်ပါ

ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ တိုက်ခိုက်ခံရတဲ့ တင့်ကားတွေလို့ ရေးသားပြီး ကွင်ပြင်တစ်ခုမှာ တင့်ကားတစ်စီး မီးလောင်နေတဲ့ဓာတ်ပုံနဲ့ နောက်ထပ်တင့်ကားတစ်စီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့ေသာ်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  “ဒီမော့ဆို PDF လက်ချက်ကြောင့်မီးလောင်ပျက်ဆီး သွားသော..အိုဟောင်းနေသောတင့်ကားများ”လို့ေရးသားပြီး “Ro Kyaw Zan Htet”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီမောဆိုမှာ တင့်ကား ၂ စီး ပြည်သူ့ကာကွယ်ရေးတပ်က ဖျက်စီးနိုင်ခဲ့တဲ့ သတင်းကို ခေတ်သစ်သတင်းဌာနရဲ့ […]

Continue Reading

Fact Check: ဖိလစ်ပိုင်မှာ ပစ်သတ်ခံရတဲ့အမျိုးသမီးပုံကို ကချင်နက်ကိုင်အဖွဲ့က ပစ်သတ်လိုက်တဲ့ပုံအဖြစ်ဖြန့်ေဝ

ကချင်လက်နက်ကိုင်အဖွဲ့(KIA)က စစ်အာဏာရှင်ဆန့်ကျင်ေရး  သင်တန်းဆင်းအမျိုးသမီးတစ်ဦး ပစ်သတ်မှုအဖြစ် ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့ေသာ်လည်း ဓာတ်ပုံဟာ မြန်မာနိုင်ငံစစ်အာဏာမသိမ်းမတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်သလို ဖြစ်စဉ်ဟာ မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။   “Gz သင်တန်းဆင်း မိန်းခလေး Kia တွေ ရက်ရက်စက်စက် လုပ်နေကြဘီ”လို့ေရးသားပြီး “Chin Lay”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက   မျှ ေဝထားရာမှာ ပြန်လည်မျှ ေဝမှု ၂၀၅ ကြိမ်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။ Gz ဆိုတာ Generation Z ရဲ့အတိုေခါက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ လူငယ်မျိုးဆက်ေတွကို ရည်ညွှန်းတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google […]

Continue Reading

Fact Check: ဒီပုံတွေ လတ်တလော တရုတ်နိုင်ငံ စီချွမ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါ

တရုတ်နိုင်ငံ  စီချွမ်ပြည်နယ်မှာ မေ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးများ အဖြစ် ဓာတ်ပုံ ၁၀ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီဓာတ်ပုံတွေဟာ ေမ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်များ အတွင်းကတည်းက အင်တာနက် မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ပုံတွေဖြစ်ပါတယ်။  “ယနေ့ ၂၂.၅.၂၀၂၁ တရုတ်နိုင်ငံ  စီချွမ်ပြည်နယ် တွင် ယနေ့ နံက် ၈:၂၂ အချိန် ရစ်ချက်စတာစကေး( ၇.၄ )ရှိ  မြေငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း(၁၇၉)ဦးအနည်းဆုံးသေဆုံးခဲ့ရကာ  လူပေါင်းများစွာ   ဒဏ်ရာရရှိခဲ့ပြီးသောင်းနဲ့ချီ  အိုးအိမ်တွေ  ပျက်စီးသွားခဲ့ကြောင်း သိရ ။photo crd” လို့ရေးသားပြီး “Ngwe Laypyay” […]

Continue Reading

Fact Check: ဒီဗွီဒီယိုက အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံမဟုတ်ပါ

ကိုဗစ်နိုင်တင်း(COVID-19)ကာလအတွင်း စားဝတ်နေရေးအဆင်မပြေလို့ အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်အတွင်းအိန္ဒိယဘာသာရေးပွဲတော်တစ်ခုက ဗွီဒီယိုဖြစ်ပါတယ်။  “လက်ရှိ အန္တိယမှာ ရောဂါပြသနာကြောင့် စားဝတ်နေရေးအဆင်မပြေသောကြောင့် ကူညီမူလည်းမလုံလောက် ကာ အစားတစ်လုအတွက် အသက်ပါပေးပြီး လုယူမူကြိုးပမ်း”(မူရင်းအရေးအသား)လို့ရေးသားပြီး “သိပ္ပံကျကျသမ္မာကျမ်းစာ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်း ၂ ထောင်ရှိပြီး ဒီဗွီဒီယိုကို ကြည့်ရှူ့မှုအကြိမ်ရေ ၉ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  Google Translate […]

Continue Reading

Fact Check: ဒီပုံက မော်လိုက်မှာ စစ်ကားတစ်စီးထိုးကျမှု ဓာတ်ပုံလား-မဟုတ်ပါ

မော်လိုက်မှာ စစ်တပ်ကကားချောက်ထဲကျ စစ်သားအများအပြားသေဆုံးတယ်လို့ရေးသားထားပြီး စစ်ကားတစ်စီး တိမ်းမှောက်နေပုံဓာတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ြသစတေးလျနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းက စစ်ကားတစ်စီးတိမ်းမှောက်ခဲ့တဲ့ ပုံဖြစ်ပါတယ်။  “အကြိမ်ကြိမ် အလေးပြုပါ၏။ ။  စစ်ခွေး ၆၅ ကောင်ကို အသက်နှင့်ရင်း၍ ဇီဝိန်ချွေကာ သတ္တိသွေး ရဲရဲနီခဲ့သည် မော်လိုက် (ကို) အောင်ဆန်းအား အလေးပြု ဦးညွှတ်ပါ၏။ ကျန်ရစ်သူ ဇနီးနှင့်မိသားစုကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကြစေလိုပါ၏။”လို့ရေးသားပြီး “Nay Linn Aung”အမည်နဲ့အကောင့်ကမျှဝေထားတာတွေ့ရပါတယ်။ အလားတူရေးသားထားပြီး ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading