Fact Check: နွားနှစ်ကောင်ပိုပြီး မွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ MWD ကြေညာဆိုတဲ့ သတင်းတု
အိမ်တစ်အိမ်မှာ နွားနှစ်ကောင်ထက်ပြီး မွေးမြူထားရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်တပ်ပိုင် MWD (မြဝတီသတင်းဌာန)ကကြေညာခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက ဖြန့်ဝေလျှက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ပိုင်မြဝတီသတင်းဖော်ပြချက်တွေမှာ ဒီလိုကြေညာချက်မျိုး မတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြန်လည်ပြုပြင်ထားတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ“အိမ်တစ်အိမ်တွင် နွားနှစ်ကောင်ထပ် ပို၍မွေးမြူထားပါက နိုင်ငံပိုင်အဖြစ် သိမ်းမည်ဟု စစ်ကောင်စီပိုင် MWD မှ ကြေငြာ”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “အိမ်တစ်အိမ်နွားနှစ်ကောင်ထက်ပိုမမွေးရ ဥပဒေသစ်အရ စံပြစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာအုပ်စု သို့ ဝင်ရောက်စစ်ဆေးရာ ရွာသူဌေး ကျော်မျိုးရွှေ (ခ) ဖိုးရွှေ အား နွားအကောင် (၃၀) ကျော်မွေးမြူထားမှူကြောင့် ပုဒ်မ ၅၉ဃ၊ ၉၆၉(ခ) တို့ဖြင့်တပ်ဆင်”တရားစွဲဆိုထားပြီး ထိုကျေးရွာရှိအိမ်များမှလည်း နွားနှစ်ကောင်ထက်ပိုမွေး ထားသောနွားများအား ပျူစောထီးအဖွဲ့များမှသိမ်းယူခဲ့ကြောင်းသိရှိရပါသည်။”စသည့်ဖြင့်လည်းပါဝင်ပါတယ်။ ဒီသတင်းကို “Mus […]
Continue Reading