Fact Check: ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်ပုံလား-မဟုတ်ပါ

ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်နေရမှုအခြေအနေအဖြစ် သေဆုံးသူတွေကို သဂြိုဟ်နေဟန်ရှိတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  ပြည်တွင်းမှာ ကိုဗစ်ကြောင့် သေဆုံးမှု အဆမတန်မြင့်တက်လာနေပြီး ရန်ကုန်က သုဿန်တွေမှာ ရုပ်အလောင်း တွေကို ဖြစ်က တတ်ဆန်းကထားရှိတာ၊ မနိုင်မနင်း သဂြိုဟ်နေရတာတွေကို ပြည်တွင်းသတင်းမီဒီယာတွေ မှာဖော်ပြထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံတစ်ချို့မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးရသူတွေကို နေရာတစ်ခုမှာ စနစ်တကျ စုစည်းသဂြိုဟ်နေပုံတွေဖြစ်ပါတယ်။ “ပြည်ပမဟုတ်ဖူးနော် ပြည်တွင်း”လို့ ရေးသားပြီး “Aung Than”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁ သောင်း ၂ ထောင်ရှိ ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။  “ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို […]

Continue Reading