Fact Check: မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UN တံဆိပ်ပါလေယာဉ်လား- မဟုတ်ပါ

မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UNအလံပါလေယာဉ်တစ်စီးအဖြစ် ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ တောင်ဆူဒန်နိုင်ငံက ဂျူဘာ(Juba)လေဆိပ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ “TMHlaing” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၅၇ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Tineye မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ ဇူလိုင် ၂၁ ရက်မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်လာတဲ့ UN လေယာဉ်အဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  ဒီဓာတ်ပုံတွေကို တောင်ဆူဒန်နိုင်ငံ ဂျူဘာမြို့အကြောင်းရေးသားထားတဲ့ဝီကီပီဒီယားက ဆောင်းပါးက ဆောင်းပါးတစ်ပုဒ်မှာ  အစောတွေ့ရှိရပြီး ဂျူဘာမြို့နဲ့အခြားသော […]

Continue Reading

Fact Check: ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်က အပျက်အစီးအဖြစ် ထက်ပိုင်းကျိုးနေတဲ့ လမ်းမထက်မှာ ကားတစ်စီး ရပ်လျှက်တင်နေတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာငလျင်က ဓာတ်ပုံဖြစ်ပါတယ်။ အလက်စကာမှာ ရစ်တာစကေး ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီးဟာ ထက်ပိုင်းကျိုးနေတဲ့ လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ပုံအဖြစ် “Win Htein” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၂၃၉ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading