Fact Check: ကိုဗစ်ပျောက်ဖို့ ဘုန်ကြီးပြုတ်ရေလုပ်နေတာလား-မဟုတ်ပါ
မီးထိုးထားတဲ့ ဒယ်အိုးတစ်အိုးပေါ်မှာ ဘုန်းကြီးတစ်ပါးထိုင်နေဓာတ်ပုံတစ်ပုံနဲ့အတူ ကိုဗစ်-၁၉ ပျောက်ဖို့အတွက် ဘုန်းကြီးပြုတ်ရည်သောက်ဖို့အတွက် ဘုန်းကြီးကို အတင်းဝိုင်းထမ်းခေါ်လာပြီး ဒယ်အိုးနဲ့ ပြုတ်နေပုံအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဒီလိုမျှဝေမှုဟာ ဟာသသဘောဖြစ်သော်လည်း နားလည်မှုလွဲစေနိုင်တာတွေ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် ကိုဗစ်-၁၉နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “မိုက်ရိုင်းလိုက်ကြတဲ့ တောသားတွေကွာ…😡 ဘယ်ကောင်မြှောက်ပေးလိုက်လည်းမသိဘူး ကိုဗစ်ပျောက်ချင်ရင် ဘုန်းကြီးပြုတ်သောက်ရတယ်ဆိုပီး….သူဟာသူ နေမကောင်းလို့လှဲနေတဲ့ ရွာဦးကျောင်းက ဆရာတော်ကို အတင်းဝိုင်းထမ်းခေါ်လာပီး လူပုံအလယ် မိုးပြဲဒယ်ထဲထည့်ပြုတ်နေကြတာ… ဆရာတော်ခမျာ လက်အုပ်ခလေးချီပီးတောင်းပန်ရှာပါသေးတယ်… ဒါပေမယ့် တောသားတွေက မရတော့ဘူး ကိုဗစ်ပျောက် ချင်တယ်..ဘုန်းကြီးပြုတ်သောက်မယ်ဆိုတာချည်းဘဲ…😡😡”စသည်ဖြင့် ရေးသားပြီး “Mee Nge”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]
Continue Reading